SafeCities

မိမိတို့နယ်မြေလုံခြုံရေးနဲ့ ပတ်သက်ပြီး အလွယ်တကူ အကြောင်းကြားခြင်း၊ အကူအညီရယူခြင်းများကို ပြုလုပ်နိုင်မယ့် App ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း လုံခြုံရေးဆိုင်ရာအတွက် အသုံးပြုနိုင်ဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ ရဲစခန်း၊ မီးသတ်ဌာန၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊ အစိုးရဌာန၊ ပရဟိတ၊ လူမှုရေးနှင့် အခြားအဖွဲ့အစည်းများကို App ကနေ အလွယ်တကူ ဆက်သွယ်နိုင် မှာဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံရေးဆိုင်ရာ သိထားသင့်တဲ့ စာစဉ်၊ ဓာတ်ပုံ၊ အသံ၊ ဥပဒေ၊ ဗီဒီယိုများကိုလည်း App ကနေ Download ပြုလုပ်လေ့လာနိုင်မှာဖြစ်ပါတယ်။ ဆေးရုံ၊ ရဲနှင့် မီးသတ်ဌာနတွေကို App မှပင် ခလုတ်တစ်ချက်နှိပ် ဆက်သွယ်နိုင်မှာဖြစ်ပြီး မိမိတည်ရှိရာ နယ်မြေအခြေအနေသတင်းပို့ခြင်းတွေကိုလည်း အလွယ်တကူ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ App ကို မြန်မာ-အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး Android OS 4.0.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း