Safe Lock Photo (iOS)

ဓာတ်ပုံတွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ app ဖြစ်ပါတယ်။ Note တွေကို လည်း သိမ်းဆည်းထားနိုင်မှာဖြစ်သလို ဓာတ်ပုံတွေကို backup လုပ်ထားနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ အဆိုပါ app ဟာ မတော်တဆ ဖျက်မိတဲ့ ဖိုင်တွေကို recovery လုပ်နိုင်အောင် လည်း အထောက်အပံ့ပေးထားပါတယ်။

Safe Lock Photo ကို App Store မှာ စမ်းသပ်သုံးစွဲနိုင်အောင် အခမဲ့ download လုပ်ခွင့်ပေးထားပါတယ်။ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ဝန်ဆောင်မှုတွေကို အသုံးပြုမယ်ဆိုရင်တော့ အခကြေးငွေ ထည့်သွင်းပေးမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ