S.T.E.M Program with Robotics & Computer Science အွန်လိုင်းသင်တန်းကို လျှောက်ထားနိုင်

အသက် ၈ နှစ်မှ ၁၈ နှစ်အရွယ် ကလေးများအတွက် S.T.E.M Program with Robotics & Computer Science အွန်လိုင်းသင်တန်းကို အောက်တိုဘာ ၅ ရက်မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်တဲ့အတွက် လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Carnegie Mellon University (USA) ရဲ့ STEM PROGRAM ဟာ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာအနှံ့အပြားရှိ ကျောင်းပေါင်း ၂၀,၀၀၀ ကျော်မှာ သင်ကြားလျက်ရှိတဲ့ STEM with Robotics , STEM with Computer Science Programs တွေကို ယခုအခါ မြန်မာနိုင်ငံမှာ သင်ကြားနိုင်တာ ဖြစ်ပါတယ်။

သင်တန်းတွေကို Carnegie Mellon University ရဲ့ STEM Network မှ Training လက်မှတ် ရရှိထားတဲ့ မြန်မာနိုင်ငံသား ဆရာမတွေကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပြီး ကလေးငယ်တွေကို STEM သင်ကြား‌ပေးခြင်းဖြင့် အလွန်ရေးပါသော 21 Century Skills တွေဖြစ်တဲ့ Innovation (တီထွင်ဆန်းသစ်နိုင်စွမ်း)၊ Problem Solving (ဖြေရှင်းနိုင်စွမ်း)၊ Teamwork (အသင်းအဖွဲ့စိတ်ဓာတ်)၊ Collaboration (စုပေါင်းလုပ်ဆောင်နိုင်စွမ်း)၊ Self-Directed learning (ကိုယ်ပိုင်သင်ယူနိုင်စွမ်း)၊ Brainstorming solutions (အတွေးအခေါ်များ မျှဝေအဖြေရှာနိုင်စွမ်း)၊ Reasoning with Evidence (ကျိုးကြောင်းဆက်စပ်သက်သေပြနိုင်စွမ်း)၊ Communication and Presentation (ပြောဆိုတင်ပြနိုင်စွမ်း)၊ Design Review (ဝေဖန်ဆန်းစစ်နိုင်စွမ်း)၊ Explanatory Composition (ရေးဖွဲ့ရှင်းလင်းနိုင်စွမ်း) စတဲ့ Skills တွေရရှိစေမှာ ဖြစ်ပါတယ်။

ကလေးအသက်အရွယ်အလိုက် အတန်း Level ခွဲပြီးသတ်မှတ်ထားကာ Level တစ်ခုပြီးမြောက်တိုင်း Carnegie Mellon (USA) မှ တိုက်ရိုက်ပေးအပ်တဲ့ Certificate လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။

Level တစ်ခုအတွက် သင်ကြားချိန် နာရီ ၆၀ (Minimum) ဖြစ်ပြီး သင်တန်းကာလမှာ ၄ လ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ STEM School by City College Yangon ဖုန်း -၀၉၄၅၀၆၃၄၄၀၂ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««