Rotten Tomatoes မှာ သုညပဲ ရရှိခဲ့တဲ့ Netflix ဇာတ်ကားသစ်

Netflix ဇာတ်ကားသစ်ဖြစ်တဲ့ The Last Days of American Crime ဟာ ဇွန် ၅ ရက်က ထွက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့မှာတော့ Rotten Tomatoes ရဲ့ Tomatometer မှာ သုညအဆင့်သတ်မှတ်ချက် ရရှိခဲ့ပါတယ်။ ဂျွန်ထရာဗိုတာရဲ့ ၂၀၀၀ ခုနှစ် ထွက်ရှိခဲ့တဲ့ Battlefield Earth လိုဇာတ်ကားက Rotten Tomatoes မှာ ၃ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

Rotten Tomatoes က ရုပ်ရှင်ဝေဖန်သုံးသပ်ရေး ၂၄ ခုက ဇာတ်ကားကို မကြိုက်တာကြောင့် အဆင့်သတ်မှတ်ချက် သုညရရှိခဲ့ပါတယ်။ The Last Days of American Crime ဇာတ်လမ်းက ရစ်ခ်ရီမန်ဒါရဲ့ ရုပ်ပြဝတ္ထုကို အခြေခံထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်အစိုးရက လူတွေ ရာဇဝတ်မှု မကျူးလွန်စေနိုင်အောင် လှိုင်းတစ်ခုကို ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အဲဒီ အစီအစဉ် မဖြစ်ပေါ်လာခင်မှာ အဖွဲ့တစ်ဖွဲ့က အကြီးမားဆုံးလုယက်မှုတစ်ခု ပြုလုပ်ဖို့ စီစဉ်ကြတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။

စိုးထက်
Ref: CNET