ROG Gaming Smartphone ကို Asus မိတ်ဆက်

[ Zawgyi ]






-အောင်သက်ကို

[ Unicode ]

Gaming စမတ်ဖုန်းဖြစ်တဲ့ ROG Gaming Smartphone ကို ဇွန် ၄ ရက်က Asus ရဲ့ ထိုင်ဝမ် ရုံးမှာမိတ်ဆက်ပေးခဲ့ပါတယ်။

မျက်နှာပြင်အရွယ်အစား ၆ လက်မ ဖြစ်ကာ AMOLED Screen မျက်နှာပြင် ဖြစ်ပါတယ်။ မြန်နှုန်းမြင့် CPU Snapdragon 845, Qualcomm 2.96 GHz ပါဝင်ပါတယ်။

RAM 8GB ပါဝင်ကာ အချက်အလက်တွေကို သိုလှောင်ဖို့အတွက် 512 GB ပါဝင်ပါတယ်။ ကင်မရာအနေနဲ့ ကျောဘက် 12MP Dual Camera ပါဝင်ကာ 4K ရုပ်ထွက် ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်ကို 8MP ကင်မရာပါဝင်ပါတယ်။

အသံစနစ်အတွက် Dual Speaker တပ်ဆင်ပေးထားသလို အားသွင်းဖို့အတွက် Type C ပါဝင်ပါတယ်။ ဂိမ်းကစားရာမှာ စမတ်ဖုန်းနဲ့ တွဲဖက်အသုံးပြုဖို့အတွက် Mini Cooler တစ်ခုပါဝင်ပါတယ်။

Android Version 8.1.0 အ‌ခြေခံ Asus Zen UI ထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

-အောင်သက်ကို