Rode NT-USB Mini USB Microphone

Streamer များ YouTuber များ Podcast ပြောတဲ့သူများနဲ့ Online Video Conference /Meeting အားလုံးအတွက် အသုံးပြုနိင်မယ့် Microphone ဖြစ်ပါတယ်။USB Microphone အမျိုးအစားဖြစ်ပြီး High-quality condenser capsule ကြောင့် ကြည်လင်ပြတ်သားတဲ့အသံ အရည်အသွေးမြင့်ကို ပေးစွမ်းနိုင်သော Microphone ဖြစ်ပါတယ်။Directional cardioid ပုံစံပြုလုပ်ထားလို့ အခန်းတွင်းနဲ့ ပတ်ဝန်းကျင်ရှိ အခြားဆူညံသံတွေကို လျှော့ချပေးနိုင်ပါတယ်။ Built-in pop filter ကလည်း ဆူညံသံတွေ နဲ့ ပဲ့တင်သံကို ဖယ်ရှားလျှော့ချပေးမှာ ဖြစ်ပါတယ်။ ၃၆၀ ဒီဂရီလှည့်နိုင်သော desktop, mic stand နဲ့ Microphone ကို သံလိုက်နဲ့ ပြုလုပ်ထားတဲ့အတွက် လွယ်ကူလျင်မြန်စွာဖြုတ်တပ်နိုင်ပြီး Mic stand နဲ့ လည်း အလွယ်တကူ ချိတ်ဆက်အသုံးပြုနိင်ပါတယ်။

စတူဒီယိုအရည်အသွေးနားကြပ် 3.5 mm ပေါက်ပါရှိပြီး အသံကို လိုသလို အတိုးအလျှော့ပြုလုပ်နိုင်ပါတယ်။ ကွန်ပျူတာများ၊ Tablet များနဲ့ လွယ်ကူစွာချိတ်ဆက်အလုပ်လုပ်နိုင်တဲ့ Class-USB output စနစ် ထောက်ပံ့ပေးထားပြီး အလွယ်တကူ plug in play တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows OS ရော၊ Mac OS မှာပါ အသုံးပြုနိုင်ပါတယ်။ အရွယ်အစားက 141.9 x 54.5 mm ဖြစ်ပြီး Diameter အနေနဲ့ 89.3 mm ရှိပါတယ်။ အလေးချိန်က 585 g ရှိပါတယ်။ တန်ဖိုးက ၁၃၉,၀၀၀ ကျပ်ဖြစ်ပြီး Image Camera & Accessories Store ဖုန်း – ၀၉ ၂၅ ၃၆၃ ၆၆၉၉ ၊၀၉ ၇၉ ၅၂၇ ၀၃၉၉ မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ