RODE Compact Wireless Go Mic

သတင်းထောက်တွေ၊ အင်တာဗျူးးသမားတွေနဲ့ videographer တွေအတွက် အသုံးတည့်မယ် RODE wireless GO Mic ပြည်တွင်းစျေးကွက်ထဲကို ရောက်ရှိလာပါတယ်။

ကျစ်လျစ်ပေါ့ပါးပြီး Built-in Omni Mic နဲ့ 3.5mm Mic Input ပါဝင်လို့ ကင်မရာ အပြင် Mobile Phone တွေမှာပါ အသုံးပြုနိုင်ပြီး windshield လည်း ပါဝင်ပါတယ်။

Transmitter နဲ့ Recevier ကို ပုံမှန်မြင်တွေ့နေကျ မဟုတ်ဘဲ အလွယ်တကူညှပ်လို့ရအောင် ကလစ်တွေလည်း ပါဝင်လာတဲ့အတွက် ပုံမှန် Record လုပ်နေချိန်မှာ မိမိတို့ပြောချင်တဲ့ အနေအထားကို ပြောင်းလဲ တပ်ဆင်လို့ရပါတယ်။ Battery Status နဲ့ Audio Level တို့ကိုကြည့်ရှုနိုင်ရန် Display ပါရှိပြီး အကွာအဝေး က ပေ ၂၃၀ အကွာအဝေး အထိ Recording ပြုလုပ်နိုင်ပါတယ်။ Built-in Lithium-ion Battery ကို အားအပြည့်သွင်းထားပါက ၇ နာရီလောက်အထိ အသုံးပြုနိုင်ပါတယ်။ အားပြန်ဖြည့်သွင်းရင် USB-C နဲ့ ပြန်သွင်းနိုင်မှာပါ။ Transmission type က 2.4GHz Digital Frequency Agile System ဖြစ်ပြီး အသံတွေကို အရည်အသွေးမြင့်မားစွာနဲ့ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

PC နဲ့ ချိတ်ဆက်ပြီး အသုံးပြုမှုမှာလည်း macOS 10.11 နဲ့ Windows 10 တို့မှာ ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစား 1.78 x 0.73 x 1.69 လက်မရှိပြီး အလေးချိန် 2.25 အောင်စ ရှိပါတယ်။ ပြည်တွင်းစျေးကွက်ကို မကြာခင်ကမှ ဝင်ရောက်လာတာဖြစ်ပြီး ၂၈၉,၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Image Camera & Accessories Store ဖုန်း – ၀၉ ၂၅၃ ၆၃၆ ၆၉၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««