Robotics Engineering နှင့် Biomedical ဘာသာရပ်များအကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

၂၀၂၀ အလွန် သင်ယူဖို့ စဉ်းစားသင့်တဲ့ Robotics Engineering နဲ့ Biomedical ဘာသာရပ်များအကြောင်း ဆွေးနွေးပွဲကို ဇွန် ၂၇ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို နေ့လယ် ၁ နာရီမှ ၂ နာရီအထိ Biomedical Science Seminar ကိုလည်းကောင်း၊ နေ့လယ် ၂ နာရီမှ ၃ နာရီ အထိ Robotics Engineering Seminar ကိုလည်းကောင်း Zoom မှတစ်ဆင့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Food Security နဲ့အညီ အစားအသောက်တွေကို ဘယ်လိုထုတ်လုပ် ပြင်ဆင်လာကြလဲ၊ Food Securityက ဘယ်လောက်အထိ အရေးကြီးသလဲ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွေ၊ Food Production တွေမှာ Biomedical Science, Biotechnology ပညာရပ်က ဘယ်လောက်အထိ အသုံးဝင်လဲ၊ Biomedical Science, Biotechnology ပညာရပ်နဲ့ ဘယ်လို Career တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်မလဲ၊ ယနေ့ခေတ် ဆေးပညာရပ်ပိုင်းဆိုင်ရာနဲ့ ဆေးဝါးထုတ်လုပ်မှုတွေမှာ Molecular Diagnostics က ဘယ်လောက်အထိ အရေးပါသလဲ၊ အနာဂတ်မှာ လူသားတွေရဲ့ Human Genome, Next-Generation DNA တွေအရ နေ့စဉ်ကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာနိုင်သလဲ စတဲ့ အကြောင်းအရာတွေကို MDIS School of Health and Life Sciences မှ Dr Eugene Koh နဲ့ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ https://bit.ly/crown_mdis2020 မှာ Form ဖြည့်သွင်းကာ တက်ရောက်နိုင်ပြီး အသေးစိတ်ကို CROWN Education ဖုန်း – ၀၉၉၇၇၉၇၇၂၀၀ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ