Road to Hybrid Cloud with Enterprise Open Source Kubernetes Platform အကြောင်း ဆွေးနွေးပွဲပြုလုပ်

Linux Lab Myanmar နဲ့ Red Hat တို့ပူးပေါင်းပြီး Road to Hybrid Cloud with Enterprise Open Source Kubernetes Platform အကြောင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်က MICT Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ဒီပွဲပြုလုပ်တဲ့ ရည်ရွယ်ချက်က Hybrid Cloud နဲ့ ပတ်သက်ပြီး ပြုလုပ်ဖြစ်တာဖြစ်သလို Hybrid Cloud ကို Customer တွေနဲ့မိတ်ဆက်ပေးချင်တာပါ။ လက်ရှိမှာ ကမ္ဘာကြီးရဲ့ Trand ကလည်း Cloud ဘက်ကို သွားနေကြတာပါ။ အဲတော့ လက်ရှိသုံးနေတဲ့ User တွေကို ဘယ်လိုနည်းပညာတွေရှိတယ် ဆိုတာကို Red Hat က မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ အဲတော့ လူတိုင်းအတွက် Cloud ကိုသွားတယ်ဆိုတာ ခရီးစဉ်လိုဖြစ်နေပြီး အိုင်တီကို အခြေခံပြီးလုပ်နေတဲ့ လုပ်ငန်းတွေက Cloud ကို သွားတယ်ဆိုတာမှာ အဲဒီခရီးစဉ်က ရွေးချယ်တဲ့ လမ်းပေါ်မူတည်ပြီး တူမှာမဟုတ်တဲ့အတွက် Red Hat က သူတို့တွေအတွက် ချောမွေ့တဲ့လမ်းကြောင်းဖြစ်အောင် ကူညီပေးတာ သူတို့အတွက် အကျိုးရှိတဲ့လမ်းစဉ်မျိုးရအောင် Highlight လုပ်ပေးတာပါဟု” Linux Lab Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီပွဲမှာ Red Hat နဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်ဝင်နေတဲ့ ဘဏ်လုပ်ငန်း၊ Telecom မှ ဝန်ထမ်းတွေ၊ internet Service Providers တွေ၊ အိုင်တီမှာလုပ်ကိုင်နေသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

-ဝေဝေ