RMA Group of Companies နှင့် Capital Automotive ကုမ္ပဏီတို့မှ Inya Covid Center ဝန်ထမ်းများအတွက် လှူဒါန်း

RMA Group of Companies နဲ့ Capital Automotive ကုမ္ပဏီတို့မှ Inya Covid Center ရှိ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ ဆေးပညာရှင်များ၊ စေတနာ့ဝန်ထမ်းများနဲ့ လူနာများအတွက် အမေရိကန်ဒေါ်လာ ၁၇,၀၀၀ တန်ဖိုးရှိတဲ့ အစားအသောက်များ၊ သန့်ရှင်းရေးကိရိယာ၊ သန့်ရှင်းရေးဝန်ဆောင်မှုနဲ့ သီးသန့် ဖယ်ရီဝန်ဆောင်မှုများကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

“RMA Group ဟာ မြန်မာနိုင်ငံတွင် COVID-19 နဲ့ ရင်ဆိုင်ရာမှာ လူမှုအဖွဲ့အစည်းတွေကို အကူအညီပေးတာ အပါအဝင် နိုင်ငံတွင်း ရေရှည်ရင်းနှီးမြှုပ်ပ်နှံမှု ပြုလုပ်ရန် အတွက်လည်း အလွန်စိတ်အားထက်သန်လျက် ရှိပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီများဖြစ်တဲ့ Avis, Express Food Group, Capital Automotive, Advantage Trade Co., Ltd နှင့် Comin Asia တို့ရဲ့ Inya Covid Center ရှိ ကျန်းမာရေးဝန်ထမ်း သူရဲကောင်းများနဲ့ လူနာများ အတွက် လှူဒါန်းရခြင်းကို အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်။ လူမှုအဖွဲ့အစည်းတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီရတာလည်း ဝမ်းသာမိပါတယ်” လို့ RMA Group Myanmar ရဲ့ Country Manager ဖြစ်သူ Mr. Max Talcott မှပြောကြားခဲ့ပါတယ်။

Capital Automotive နဲ့ Avis Myanmar တို့မှ ဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများနဲ့ ဆေးပညာရှင်များ အတွက် သီးသန့်ဖယ်ရီဝန်ဆောင်မှုဖြင့် ကူညီထောက်ပံ့ပေးခဲ့ပြီး Advantage Trade Co., Ltd. မှ Karcher cleaning equipment သန့်ရှင်းရေး ကိရိယာများ၊ Comin Asia မှ ပိုးသတ်ဆေးဖျန်း ပေါင်းချောင်၊ Express Food Group (Myanmar) Limited မှလည်း Swensen’s နဲ့ The Pizza Company တို့ရဲ့ ရေခဲမုန့် နဲ့ပီဇာများ အခမဲ့ စားသုံးနိုင်တဲ့ Gift Voucher 500 cards တွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««