Ricoh THETA SC2 4K 360 Spherical Camera

တန်ဖိုး-ကန်ဒေါ်လာ 299.95$

အားသာချက်

ကန်ဒေါ်လာ သုံးရာအောက် တန်ကြေးရှိပြီး ပတ်လည် ၃၆၀ ဒီ ဂရီမြင်ကွင်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ကူးနိုင်မယ့် အမျိုးအစားပါ။ 1-Chip 1/2.3″ CMOS ပါ၀င်ပါတယ်။ 12MP ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format နဲ့ ရိုက်ကူးနိုင်ပါတယ်။ Lens Elements ကတော့ 7 Element ဖြစ်ပြီး Aperture အနေနဲ့ အကျယ်ဆုံး f/2 နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်တဲ့အတွက် အလင်းအား နည်းနေတဲ့ နေရာတွေမှာလည်း ရိုက်ကူးနိုုင်မှာပါ။ ပုံရိပ်ဖမ်းယူ ဖို့ Twin Lens စနစ် ထောက်ပံ့ထားသလို အသံဖမ်းယူဖို့ Bult-inMics ထောက်ပံ့ပေးထားပါတယ်။ ISO အနေနဲ့ Video မှာ 60 ကနေ 6400 (Auto) အထိ ရရှိနိုင်မှာဖြစ်ပြီး Photo အနေနဲ့ဆိုရင် 64 ကနေ 3200 (Manual) အထိ ရနိုင်ပါတယ်။ Video အနေနဲ့ 4K Video Recording at 30p အရည်အ သွေးရရှိနိုင်ပါတယ်။

Wi-Fi ပါ၀င်မှာဖြစ်ပါတယ်။ Face Mode, Night View, Lens-by-Lens Exposure Mode, Underwater Mode, HDR Algorithm Changes စတဲ့ Feature တွေ ထောက်ပံ့ပေးထား သလိုု အချက်အလက်တွေကို လျင်မြန်စွာ ပြောင်းလဲပေးနိုင်ဖို့လည်း High-Speed Image Data Transfer ထောက်ပံ့ပေးထားပါတယ်။ အရောင်အနေနဲ့ကတော့ Beige, Blue, Pink, White လို့ အရောင်လေးမျိုးရွေး ချယ်နိုင်မှာပါ။

အားနည်းချက်

အရင်ကထွက်ခဲ့တဲ့ မော်ဒယ်တွေကလိုု OLED Screen ထောက်ပံ့ ပေးထားခြင်းမရှိသလို ISO လည်း နည်းပါးပါတယ်။ Noise များနိုင်ချေလည်းရှိတယ်လို့ ခန့်မှန်းရပါတယ်။ ပြီးတော့ ဓာတ်ပုံအနေနဲ့ Megapixel နည်းပါးသလို RAW ထောက်ပံ့မှုလည်း မပါ၀င်ဘဲ JPEG တစ်မျိုးတည်းသာ ရရှိနိုင်ပါတယ်။ Memory Card Slot မပါ၀င်တဲ့့အတွက် Card ထပ်စိုက်ထည့်ဖို့ရာလည်း အဆင်မပြေပါဘူး။

သုံးသပ်ချက်

ငွေချွေတာသုံးစွဲသူအကြိုက် Function များစွာ ထောက်ပံ့ထားတဲ့ အရည်အသွေးသင့် ၃၆၀ ကင်မရာ ဖြစ်ပါတယ်။ ကန်ဒေါ်လာ သုံးရာအောက်သာဖြစ်ပြီး ၃၆၀ ကင်မရာစတင်ကိုင်ဆောင်သူတွေအတွက် အသင့်တော်ဆုံး ကင်မရာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG နဲ့သာ ရိုက်ကူးနိုင်ပါတယ်။ Shutter Speed အနေနဲ့ 1/25000 – 60 Seconds (Photo), 1/25000 – 1/30 Seconds (Video) အထိ ရပါတယ်။ Internal Flash Memory ကိုလည်း 14GB ထောက်ပံ့ပေးထားပါတယ်။ Face Mode, Night View, Lens-by-Lens Exposure Mode, Underwater Mode, HDR Algorithm Changes စတဲ့ Feature စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Built-In Lithium-Ion Battery ထောက်ပံ့ပေးထားပြီး USB နဲ့ အားပြန်သွင်းရမှာ ဖြစ်ပါတယ်။ ကိုယ်ထည် အရွယ်အစား 13.1 x 4.5 x 2.3 cm ဖြစ်ပြီး အလေးချိန် 104g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H