
နာမည်ကျော် Rick and Morty ရဲ့ season 4 ဒုတိယပိုင်း မစတင်မီ Adult Swim က ၅ မိနစ်စာ အပိုင်းလေးတစ်ပိုင်းကို anime စတိုင်လ်နဲ့ ဖြန့်ချိလိုက်ပါတယ်။ အဲဒီအပိုင်းကို Adult Swim ရဲ့ YouTube channel မှာကြည့်ရှုနိုင်ပါတယ်။
အပိုင်းလေးရဲ့ နာမည်ကျော် Samuraii & Shogun ဖြစ်ပြီး ဂျပန် animation စတူဒီယို Studio Deen က ဖန်တီးထားပါတယ်။ Rick WTM72 အဖြစ် Yohei Tadano က အသံသရုပ်ဆောင်ပေးထားသလို Shogun Mort အဖြစ် Keisuke Chiba က အသံသရုပ်ဆောင်ပေးထားပါတယ်။
Yeah so we spent a year putting together a five minute Rick and Morty Lone Wolf & Cub anime short for you guys. Here it is, hope you dig it! Don’t tell me we don’t have the most fun! https://t.co/iOgNzoO4bd
— SPIRAL CURSE DEMARCO (@Clarknova1) March 29, 2020
“ကျွန်တော်တို့တွေ Rick and Morty ၅ မိနစ်အပိုင်းကို Lone Wolf & Cub ပုံစံမျိုးဖန်တီးဖို့ တစ်နှစ်အချိန်ယူခဲ့ပါတယ်။ ပရိသတ်တွေ သဘောကျကြလိမ့်မယ်လို့ မျှော်လင့်တယ်” လို့ Adult Swim ရဲ့ Toonami ပူးတွဲတည်ထောင်သူ ဂျေဆင်ဒီမာကိုက ပြောခဲ့ပါတယ်။
စိုးထက်
Ref: CNET