Reply-all လုပ်ဆောင်ချက်အသစ်ကို Microsoft ဖြန့်ချိ

Microsoft ဟာ Office 365 နဲ့ Exchange Online အတွက် reply-all ကာကွယ်ရေးလုပ်ဆောင်ချက်အသစ်ကို ဖြန့်ချိလိုက်ပါတယ်။

အခုလုပ်ဆောင်ချက်က ပေးပို့သူ BBC လုပ်ဖို့ မေ့သွားပြီး အီးမေးလ်တစ်စောင်ထဲမှာ လူရာပေါင်းများစွာက reply လုပ်လိုက်ရင် ဖြစ်ပေါ်လာတဲ့ အခြေအနေကို တားဆီးပေးမှာပါ။

အခု feature က အဖွဲ့အစည်းကြီးတွေ အတွက် အလွန်အသုံးဝင်ပြီး တစ်နာရီအတွင်းအီးမေးလ်လက်ခံရရှိသူ ၅,၀၀၀ကျော်ဆီ reply-all အီးမေးလ် ၁၀ ခုကို ခြေရာခံမိပါမယ်။ “အချိန်နဲ့အမျှ ကျွန်တော်တို့က သုံးစွဲမှု telemetry စနစ်နဲ့ ဖောက်သည်တုံ့ပြန်မှု အချက်အလက်ကို စုဆောင်းပြီး အပြောင်းအလဲပြုလုပ်ဖို့ မျှော်လင့်ထားပါတယ်။ Reply All Storm Protection ကာကွယ်မှုကို အဆင့်မြှင့်တင်ပြီး Office 365 သုံးစွဲသူတွေဆီ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမှာ ဖြစ်ပါတယ်” လို့ Microsoft ရဲ့ Exchange ပို့ဆောင်ရေးအဖွဲ့က ပြောခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်နော် . . .