Reply ကန့်သတ်နိုင်တဲ့ feature ကို Twitter စမ်းသပ်နေ

Twitter အနေနဲ့ tweet ထဲက replay ကန့်သတ်နိုင်မယ့် feature ကိုစမ်းသပ်နေတယ်လို့ ကြေညာလိုက်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ အဲဒီ feature ကိုစမ်းသပ်နေတာ ဖြစ်ပါတယ်။ Facebook ရဲ့ post view settings နဲ့ဆင်ပြီး ထောင့်ဘက်မှာရှိတဲ့ icon ကိုနှိပ်ပြီး reply ကိုကန့်သတ်နိုင်ပါတယ်။

အဲဒီမှာ Everyon, People You Follow နဲ့ Only People You Mention ဆိုတဲ့ option ၃ ခုထဲက ၁ခုကိုရွေးချယ်ရပါမယ်။ Option တစ်ခုခုကို ရွေးလိုက်ရင်တော့ သတ်မှတ်ထားတဲ့ မကိုက်ညီတဲ့သူတွေက reply လုပ်ဆောင်ချက်ကို မြင်ရမှာ မဟုတ်ပါဘူး။ သူတို့က tweet ကိုကြည့်နိုင်သလို retweet လုပ်နိုင်ပေမယ့် replay လုပ်လို့မရပါဘူး။

သုံးစွဲသူတစ်ချို့ပဲ အခု feature ကိုအသုံးပြုနိုင်ပါတယ်။ စမ်းသပ်နေဆဲ feature တစ်ခုဖြစ်တာကြောင့် အပြီးသတ် လုပ်ဆောင်ချက် ဖြစ်၊ မဖြစ် အာမခံချက်မရှိပါဘူး။

-စိုးထက်
Ref: TechCrunch