Reno စီးရီး စမတ်ဖုန်းမော်ဒယ်သစ်နှစ်မျိုးကို OPPO ပြည်တွင်းမှာမိတ်ဆက်
[ Zawgyi ]
-ရဲထွဋ်ဝင်း
[ Unicode ]
OPPO ရဲ့ Reno စီးရီး စမတ်ဖုန်းမော်ဒယ်သစ်နှစ်မျိုးကို ဇွန် ၂၂ ရက်၊ မြန်မာတစ်ပြည်လုံးမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
Reno စီးရီးမှာ OPPO Reno 10x Zoom မော်ဒယ်နဲ့ OPPO Reno မော်ဒယ်နှစ်မျိုးရှိပြီး ဒီဖုန်းတွေမှာ ကမ္ဘာ့ပထမဆုံး Pivot rising ရှေ့ဘက်ကင်မရာကို တပ်ဆင်ထားပါတယ်။ OPPO Reno 10x zoom မှာ ၁၀ ဆအထိ ချဲ့နိုင်တဲ့ 10x Hybrid zoom နဲ့ 60x Digital zoom အထိ ဖမ်းယူရိုက်ကူးနိုင်တဲ့ f/3.0 apeature ရှိတဲ့ Periscope telephoto ကင်မရာ၊ f/1.7 aperture နဲ့ 48MP အမျိုးအစား Sony IMX 586 ကင်မရာ၊ f/2.2 apeature ရှိတဲ့ 8MP အမျိုးအစား 120° Wide-Angle ကင်မရာတို့ပါဝင်လာပြီး ဒီကင်မရာသုံးခုက 10x Hybrid Zoom အတွက် အတူတကွ လုပ်ဆောင်တဲ့အပြင် digital zoom ကိုလည်း 60x ထိ zoom ချဲ ့နိုင်မှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာစနစ်မှာ Laser Focus နည်းညာ၊ PDAF နည်းပညာ၊ Dual OIS နည်းပညာ၊ Dazzle Color Mode နဲ့ 4K ဗီဒီယိုအထောက်ပံ့တွေပါ၀င်မှာ ဖြစ်ပါတယ်။ အရှေ ့ဘက် ကင်မရာက ကမ္ဘာ့ပထမဆုံး Pivot Rising ကင်မရာဖြစ်ပြီး f/2.0 ရှိတဲ့ 16MP အမျိုးအစားဖြစ်ပါတယ်။ ၆.၆ လက်မရှိတဲ့ မျက်နှာပြင်ပြည့် ကြည့်ရှုခံစားရစေမယ့် Panoramic Screen Display ကို အသုံးပြုထားပြီး အမြန်နှုန်း 1.2 GHz ရှိတဲ့ Qualcomm Snapdragon 855 Octa-core CPU ၊ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုပမာဏ 256GB ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ Li-Po 4065 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။
OPPO Reno ဖုန်းကတော့ ၆.၄ လက်မရှိတဲ့ Panoramic Screen မျက်နှာပြင်၊ Snapdraong 710 CPU, RAM 8 နဲ့ အချက်အလက်သိုလှောင်နိုင်မှု 128GB ပါ၀င်ပါတယ်။ ကျောဘက် ကင်မရာကတော့ f/1.7 aperture နဲ့ 48MP အမျိုးအစား Sony IMX 586 ကင်မရာနဲ့ f/2.4 apeature ရှိတဲ့ 5MP depth sensor အမျိုးအစား ကင်မရာကိုတပ်ဆင်ထားပြီး ရှေ့ဘက် ကင်မရာကတော့ f/2.0 ရှိတဲ့ 16MP အမျိုးအစား Pivot Rising ကင်မရာကို တပ်ဆင်ထားပါတယ်။ ဘက်ထရီကတော့ Li-Po 3765 ကို အသုံးပြုထားပါတယ်။
Reno စီးရီး စမတ်ဖုန်းမော်ဒယ်နှစ်မျိုးစလုံးမှာ Audio Focus နည်းပညာ၊ Hyper Boost 2.0 နည်းပညာ၊ Under Display လက်ဗွေလုံခြုံရေးစနစ်၊ AI နည်းပညာ၊ Android 9 အခြေပြု Color OS 6 စနစ်၊ Ultra Night Mode 2.0 နည်းပညာ၊ မိနစ် ၈၀ အတွင်း 0 to 100% အားအပြည့်သွင်းနိုင်မယ့် VOOC 3.0 အမြန်အားသွင်းစနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။
စျေးနှုန်းအနေနဲ့ OPPO Reno 10x Zoom က ၁,၁၉၉,၉ဝဝ ကျပ်ရှိပြီး OPPO Reno ကတော့ ၆၉၉,၉ဝဝ ကျပ် ဖြစ်ပါတယ်။ ဒီဖုန်းတွေကို ဒီလ ၁၄ ရက်ကနေ ၂၁ ရက်ထိ OPPO အရောင်းပြခန်းနဲ့ အရောင်းကောင်တာတွေမှာ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ကြိုတင်မှာယူယူတွေကို Portable ကြိုးမဲ့စပီကာ လက်ဆောင်ပေးအပ်သွားမယ်လို့ သိရပါတယ်။