RememBear (iOS)

RememBear ဆိုတဲ့ app ကတော့ password တွေကို ထိန်းသိမ်းပေးနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ payment information တွေကို အခြားသူတွေ မသိနိုင်အောင် လုံခြုံစိတ်ချစွာနဲ့ ထိန်းသိမ်းပေးထားနိုင်မှာဖြစ်ပြီး Touch ID နဲ့အသုံးပြုနိုင်စေရန်လည်း စီစဉ်ပေးထားပါတယ်။

အဆိုပါ app ကို ထည့်သွင်း အသုံးပြုလိုသူများအနေနဲ့ App Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ဖိုင်အရွယ်အစားကတော့ 107MB ခန့်ရှိမှာဖြစ်ပြီး iOS version 9.0 နဲ့ အထက်မှာထည့်သွင်း အသုံးပြုနိုင်မယ့် app တစ်ခုလည်းဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ