REMAX Wireless Power Bank

မိုဘိုင်းဖုန်းတွေ အားကုန်သွားတဲ့အခါ ပြန်လည်အားသွင်းနိုင်မယ့် REMAX အမှတ်တံဆိပ် Wireless Power Bank ဖြစ်ပါတယ်။ ကြိုးအပြင် ကြိုးမဲ့စနစ်နဲ့ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ QI Wireless ကို အထောက်အပံ့ပေးတဲ့ ဘယ်ဖုန်းမဆို ကြိုးမဲ့အားသွင်းနိုင်မှာဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းနေစဉ်အတွင်းမှာလည်း နောက်ထပ် ဖုန်း ၁ လုံးကို ကြိုးနဲ့ပုံမှန်အားသွင်းထားနိုင်မှာ ဖြစ်ပါတယ်။ မှန်သားမျက်နှာပြင် ဒီဇိုင်းနဲ့ ဖြစ်ပြီး Power Bank ကို အားပြန်သွင်းဖို့ ကြိုးမရွေးတဲ့အတွက် အသုံးပြုတဲ့အခါမှာ အဆင်ပြေစေမှာဖြစ်ပါတယ်။ အားသိုလှောင်မှုပမာဏ အနေနဲ့ 10,000 mAh ဖြစ်ပြီး ဘက်ထရီပမာဏကို Digital Display ကနေပြသပေးမှာဖြစ်ပါတယ်။ တန်ဖိုးက ၂၅,၀၀၀ ကျပ်ဖြစ်ပြီး REMAX ဖုန်း ၀၉- ၂၅၉၉၁၁၉၀၀ ကို ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။

-ဝေဝေ