Remax TWS-6 Wireless Airbuds

အကောင်းဆုံးသော Mega Bass အသံထွက်ပေးစွမ်းနိုင်မယ့် ကြိုးမဲ့ နားကြပ်ဖြစ်တဲ့ Remax TWS-6 Wireless Airbuds ပြည်တွင်းစျေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ အော်တိုချိတ်ဆက်စနစ် အသုံးပြုထားပြီး 6.0mm Dynamic Speaker တွေ ထောက်ပံ့ပေးထားပါတယ်။

Earphone Style က နားတွင်းထည့်သုံးဖြစ်ပြီး ဖုန်းပြောဆိုမှုတွေနဲ့ သီချင်းနားထောင်မှုတွေကိုပါ ဆောင်ရွက်နိုင်ပါတယ်။ အသံထွက်ပါဝါ 3mW ရှိပြီး Frequency Response ကတော့ 20Hz-20KH ဖြစ်ပါတယ်။ ဘက်ထရီသိပ်သည်းဆကတော့ Hadphone Power အနေနဲ့ 50mAh ရှိပြီး အားပြန်သွင်းနိုင်တဲ့ (DC 5V, 480mA ဘက်ထရီကို အားပြန်သွင်းနိုင်တဲ့ သံလိုက်ဘူးမှာ ထောက်ပံ့ထားတဲ့အတွက် လေးကြိမ် ပြန်လည် အားသွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bluetooth version 5.0 ဖြစ်ပြီး Android နဲ့ iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အရွယ်အစား 84 x52 x 32mm ရှိပြီး အလေးချိန်ကတော့ 49.5g လေးပါတယ်။ အရောင်ကတော့ အဖြူရောင်နဲ့ အနက်ရောင် နှစ်မျိုး ဝင်ရောက်လာပါတယ်။ တန်ဖိုးငွေကျပ် ၃၃,၀၀၀ ဖြစ်ပါတယ် ။

Remax Myanmar ဖုန်း – 09259911900 က တရားဝင် တင်သွင်းတာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားရှိ Remax အရောင်းကောင်တာများကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««