REMAX TWS – 27 Wireless Earbuds

REMAX ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ TWS – 27 Wireless Earbuds ဖြစ်ပါတယ်။ Bass Driven Speaker တွေ သုံးထားလို့ အသံထွက်အရည်အသွေး ကောင်းမွန်ပြီး HD Stereo အသံထွက်အရည်အသွေးနဲ့ ခံစားနိုင်မှာ ဖြစ်ပါတယ်။

နားတွင်းတပ် ကြိုးမဲ့စနစ်ဖြစ်ပြီး တပ်ဆင်တဲ့အခါ ပေါ့ပါးပြီး လွပ်လပ်မှုရှိပါတယ်။ Waterproof က IPX4 ဖြစ်ပြီး Dust-Proof က IP3X ဖြစ်ပါတယ်။ 13mm large-size unit အသုံးပြုပေးထားပြီး Mega Bass ဖြစ်လို့ အသံထွက်ပိုင်း ကောင်းမွန်ပါတယ်။ Bluetooth 5.0 ဖြစ်တဲ့အတွက် ချိတ်ဆက်မှု မြန်သလို mic ပါဝင်ထောက်ပံ့ပေးထားတဲ့အတွက် သီချင်းနားထောင်ရုံသာမက စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုဖြေကြားခြင်းကိုပါ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Noise cancellation, binaural high definition calling စတဲ့ စနစ်တွေ ထောက်ပံ့ပေးထားပါတယ်။ Battery Capacity အနေနဲ့ Charging Case Battery capacity က 320mAh ဖြစ်ပြီး Earbuds Battery capacity က 40mAh ဖြစ်တဲ့အတွက် သုံးနာရီအားသွင်းရင် လေးနာရီဆက်တိုက် အသုံးပြုနိုင်ပြီး နာရီပေါင်း လေးဆယ်ခန့် Standby အနေနဲ့ ထားရှိနိုင်မှာဖြစ်ပါတယ်။ သီချင်းကျော်တာ၊ ရပ်တာ၊ ဖုန်းခေါ်တာနဲ့ ဖုန်းချတာတွေကိုလည်းTouch Sensor နဲ့ ထိန်းချုပ်နိုင်ပါတယ်။ အရောင်အနေနဲ့ကတော့ အဖြူနဲ့ အနက် နှစ်မျိုးရှိမှာ ဖြစ်ပါတယ်။

တန်ဖိုးက ၂၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ မြန်မာပြည်အရပ်ရပ်ရှိ REMAX Brand Shop ကြီးများ၊ REMAX Corner ဆိုင်များနဲ့ Dealer အရောင်းဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««