REMAX TWS – 22 Wireless Earbuds

REMAX ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ TWS – 22 Wireless Earbuds ဖြစ်ပါတယ်။ အားသွင်းကြိုး ပါဝင်ပါတယ်။ အဆင့်မြှင့်တင်ပေးထားတဲ့ Noise reduction နဲ့ high fidelity sound effects တွေကြောင့် အသံထွက်နဲ့ အရည်အသွေးတွေ ပိုကောင်းလာပါတယ်။ အားပမာဏကိုလည်း LED Digital Display နဲ့ ဖော်ပြပေးပါတယ်။အသံထွက်စွမ်းအား 2mW နဲ့ Frequency Response က 20-20000Hz ရှိပါတယ်။ Bluetooth 5.0 ဖြစ်တဲ့အတွက် ချိတ်ဆက်မှုမြန်သလို mic ပါဝင်ထောက်ပံ့ပေးထားတဲ့အတွက် သီချင်းနားထောင်ခြင်းအပြင် စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး ဖုန်းခေါ်ဆို၊ ဖြေကြားခြင်းတို့ကိုပါ ဆောင်ရွက်နိုင်ပါတယ်။ Chairing Case Battery capacity က 300mAh ဖြစ်ပြီး အားသုံးခါ အပြည့်ပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။ Earbuds Battery capacity ကတော့ 40mAh ဖြစ်တဲ့အတွက် နှစ်နာရီအားသွင်းရင် လေးနာရီဆက်တိုက် အသုံးပြုနိုင်ပြီး နာရီပေါင်း လေးဆယ်လောက် Standby အနေနဲ့ ထားရှိနိုင်မှာပါ။ အရွယ်အစားက 69 x 30 x 39mm ဖြစ်ပြီး အလေးချိန် 44g ရှိပါတယ်။

တန်ဖိုးက ၁၉,၀၀၀ ကျပ် ဖြစ်ပါတယ်။ မြန်မာပြည်အရပ်ရပ်ရှိ REMAX Brand Shop တွေ၊ REMAX Corner ဆိုင်တွေနဲ့ Dealer အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««