Remax TWS-20 True Wireless Stereo Earbuds

Remax က ထုတ်လုပ်လိုက်တဲ့ TWS-20 True Wireless Stereo Earbuds ဖြစ်ပါတယ်။ အသံအရည်အသွေးပိုင်းအတွက် 9mm Dynamic Speaker ကို အသုံးပြုထားတဲ့အတွက် အကောင်းဆုံး အရည်အသွေး ရရှိနိုင်မှာဖြစ်တဲ့အပြင် 3mw Rated Power နဲ့ သီချင်းတွေကို Bass သံကောင်းကောင်းနဲ့ နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။ IPX4 Level Water Proof ဖြစ်တဲ့အတွက် အားကစားလုပ်ချိန် ချွေးထွက်များတဲ့ဒဏ်နဲ့ ရေမှုန်ရေမွှားတွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိစေမှာ ဖြစ်ပါတယ်။

Bluetooth 5.0 ကို အသုံးပြုပေးထားပြီး နားကျပ်တစ်ဖက်စီမှာ 100 mAh ဘက်ထရီပါဝင်ပြီး ၂ နာရီ အားသွင်းထားရုံနဲ့ ၁၂ နာရီဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နားကိုချိတ်ဖို့ ကွင်းပါဝင်တဲ့အတွက် ကြာရှည်တပ်ဆင်ပါက နာကျင်မှုမရှိစေနိုင်ပါဘူး။ ထည့်သွင်းသယ်ဆောင်ဖို့ အတွက် အိတ်ပါဝင်ပြီး ပေါ့ပေါ့ပါးပါး သွားလေရာသယ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

တန်ဖိုးက ၂၂,၅၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ တို့ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««