REMAX TWS-15 Wristband True Wireless Stereo Music Earbuds

အမြင်နဲ့ ဒီဇိုင်းဆန်းပြီး အသံထွက်အရည်အသွေး ကောင်းမွန်တဲ့ REMAX TWS-15 Wristband True Wireless Stereo Music Earbuds ဖြစ်ပါတယ်။ ထူးခြားတာက လက်ပတ်သဖွယ် ဝတ်ဆင်နိုင်သလို ကြိုးကနေ လက်နဲ့ကိုင်ဆောင်နိုင်ပါသေးတယ်။ Ultra-Small Body ဖြစ်တဲ့အတွက် ရေရှည်တပ်ဆင်မှုမှာ နားနာကျင်မှုတွေ မဖြစ်စေသလို အိပ်နေရင်း တပ်ဆင် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ အသံထွက်ပိုင်းကောင်းမွန်ပြီး Bluetooth 5.0 ဖြစ်တဲ့အတွက် ချိတ်ဆက်မှုမြန်သလို သီချင်းနားထောင်ခြင်းအတွက် သာမက စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး ဖုန်းခေါ်ဆို ဖြေကြားခြင်းတွေအတွက်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ၁၀ မီတာအကွာအဝေး အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Speaker impedance က 32Ω ဖြစ်ပြီး Speaker power က 2.5mW ရရှိမှာဖြစ်ပါတယ်။ Battery Capacity 250mAh ပါဝင်တဲ့အတွက် တစ်နာရီအားသွင်းထားရင် နာရီပေါင်း ၈၀ ကျော် Standby ထားနိုင်ပြီး ၃ နာရီဆက်တိုက် သီချင်းနားထောင်ခြင်း၊ ဖုန်းပြောဆိုခြင်းတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အားကုန်သွားရင်လည်း အားသွင်းဘူးနဲ့ အားပြန်သွင်းနိုင်မှာပါ။

တန်ဖိုးက ၂၁,၀၀၀ ကျပ် ဖြစ်ပါတယ်။ REMAX Myanmar ဖုန်း – ၀၉ ၂၅၉ ၉၁၁၉၀၀ ကနေ တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ REMAX Brand Shop များ၊ REMAX Corner ဆိုင်များနဲ့ Dealer အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««