REMAX RP-U 67 65 Watt GAN Charger

အားဝင်နှုန်း သုံးဆပိုမြန်ပြီး MacBook ကိုပါ အားသွင်းလို့ရတဲ့ REMAX RP-U 67 65 Watt GAN Charger ဖြစ်ပါတယ်။ Gallium Nitride (GaN) Black နည်းပညာကို အသုံးပြုထားလို့ သာမန် မြန်နှုန်းမြင့် အားသွင်းခေါင်းတွေထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်ပြီး အားသွင်းနှုန်း ၃ ဆ ပိုမိုမြန်ဆန်ပါတယ်။ အားသွင်းပေါက် အနေနဲ့ iPhone 8 နဲ့အထက်ဖုန်းတွေကို နာရီဝက်နဲ့ ၅၀ ရာခိုင်နှုန်း အားပြည့်စေမယ့် PD Type-C အပေါက် ၂ ပေါက်၊ Qualcomm အားဝင်မြန်စနစ်တွေအတွက် QC3.0 USB အပေါက် ၁ ပေါက် ထောက်ပံ့ပေးထားပါတယ်။ အားဝင်မြန်စနစ်တွေဖြစ်တဲ့ PPS / PD3.0 / PD2.0/ QC3.0 / QC2.0, VOOC / PC1.2/ AFC / SCP / SFCP / SCP/ MTK PE2.0 / PE1.1 အားလုံး အထောက်အပံ့ပေးလို့ အချိန်ခဏအတွင်း အားပြည့်စေမှာလည်း ဖြစ်ပါတယ်။ မတူညီတဲ့ Devices သုံးခုကို တစ်ပြိုင်နက် အားသွင်းနိုင်မှာပါ။ Multiple Protection တွေပါဝင်လို့ အားသွင်းတဲ့ Devices တွေ ထိခိုက်မှာ စိုးရိမ်စရာမလိုဘဲ iPhone 12 Series တွေနဲ့လည်း အထူးကိုက်ညီပါတယ်။ ထူးခြားတာ တစ်ခုက ဖုန်းအတွက် သာမက MacBook Air/ MacBook Pro နဲ့ အခြား Notebooks တွေအတွက် အားသွင်းရာမှာပါ အသုံးပြုနိုင်ပါတယ်။ MacBook Pro 13’’ ကို တစ်နာရီခွဲတည်းနဲ့ ၁၀၀ ရာခိုင်နှုန်း အားပြန်ဖြည့်တင်းနိုင်မှာပါ။

အရောင်အနေနဲ့ အဖြူ နဲ့ အနက် ဆိုပြီး နှစ်မျိုးရှိမှာ ဖြစ်ပါတယ်။ တန်ဖိုးက ၂၉,၅၀၀ ကျပ် ဖြစ်ပါတယ်။ REMAX Myanmar ဖုန်း – ၀၉၂၅၉၉၁၁၉၀၀ ကနေ တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ REMAX Brand Shop များ၊ REMAX Corner ဆိုင်များနဲ့ Dealer အရောင်းဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««