REMAX RL-LF21 UV sterilizer

ဖုန်း ၊ နားကြပ် ၊ ကျန်းမာရေးသုံး Mask ၊ သော့အစရှိတဲ့ နေ့စဉ်သုံးပစ္စည်းတွေကိုဘက်တီးရီးယား ၊ ရောဂါပိုးတွေမှ ကင်းဝေးစေပြီး မှိုမတက်အောင် ပိုးသတ်ပေးနိုင်တဲ့ REMAX RL-LF21 UV sterilizerဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခရီးဆောင်သယ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပိုးသတ်ဗူး အဖုံးမှာ Sensor ပါဝင်တဲ့အတွက် ဗူးအဖုံး ဖွင့်လိုက်တာနဲ့ UV မီးတွေ အလိုလျောက် ပိတ်ပေးနိုင်တဲ့တွက် မျက်လုံး မထိအောင် ကာကွယ်ပြီး ဖြစ်စေပါတယ်။ မိမိကိုင်ဆောင် အသုံးပြုနေတဲ့ ဟန်းဆက်တွေ၊ နားကြပ်တွေ၊ Mask တွေ၊ ကားသော့ ၊ ဆိုင်ကယ်သော့နဲ့ ကီးချိန်းတွေကို အဆိုပါကိရိယာအတွင်း ထည့်ပြီး ၅ မိနစ်ခန့်ပိုးသတ်ပေးရုံနဲ့ (၉၉.၉၉%) ပိုးမွှားတွေကိုသေစေနိုင်မှာဖြစ်ပါတယ်။ ပိုးသတ်ခြင်းပြီးဆုံးပါက အလိုအလျောက်မီးပိတ်ပေးတဲ့အပြင် ၅မိနစ်၊ ၁၀ မိနစ် စသည်ဖြင့် မိမိစိတ်ကြိုက် အချိန်ပေးပြီး ပိုးသတ်နိုင်မှာ ဖြစ်ပါတယ်။ ခရီးသွားတဲ့အခါနဲ့ မီးပျက်နေချိန်မှာ Power Bank နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးက ၂၅,၀၀၀ ကျပ်ဖြစ်ပါတယ်။ Remax Myanmar ဖုန်း ၀၉၂၅၉၉၁၁၉၀၀ က နေ တရားဝင်တင်သွင်းတာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ရှိ Remax အရောင်း ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။