Remax RB-S29 Wireless Sport Type Earphone

အားကစားလုပ်ရင်း ဝတ်ဆင်အသုံးပြုနိုင်မယ့် Remax RB-S29 Wireless Sport Type Earphone ဖြစ်ပါတယ်။ IPX6 ဖြစ်လို့ ရေလုံ ချွေးလုံသလို ဖုံလည်းလုံပါတယ်။ အသုံးမပြုခင် သံလိုက်နဲ့ ကပ်ပြီး လည်ပင်းမှာ စတိုင်ကျကျနဲ့ ချိတ်ထားနိုင်တဲ့ Neck-mounted Bluetooth headset ဖြစ်ပါတယ်။

Bluetooth 5.0 ထောက်ပံ့ထားပြီး ၁၀ မီတာ အကွာကနေ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ အသံထွက်က 2 Channel ဖြစ်ပြီးDynamic Metal Speaker ဖြစ်တဲ့အတွက် အသံထွက်အရည်အသွေး ကောင်းမွန်ပါတယ်။ ဖုန်းပြောဆိုခြင်းနဲ့ သီချင်းနားထောင်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ Battery Capacity ကို 105mAh ထောက်ပံ့ထားတဲ့အတွက် ၂ နာရီအားသွင်းပြီး ကိုးနာရီ ဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Standby အနေနဲ့ နာရီပေါင်း ၁၃၀ နာရီ ထားနိုင်မှာဖြစ်ပါတယ်။ Android နဲ့ iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ တန်ဖိုးက ၁၈,၀၀၀ ကျပ်ဖြစ်ပါတယ် ။ Remax Myanmar ဖုန်း – ၀၉၂၅၉၉၁၁၉၀၀ က တရားဝင် တင်သွင်းတာဖြစ်ပြီး Remax အရောင်းကောင်တာတွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ