REMAX RB-S26

Mega Bass တွေ Beat တွေကို အတွင်းကျကျ ခံစားရစေမယ့် REMAX RB-S26 ပြည်တွင်းစျေးကွက်ထဲ ၀င်ရောက်လာပါတယ်။ Speaker အနေနဲ့ လေးလုံးထောက်ပံ့ထားပြီး အသံပြင်းပြင်းနဲ့ နားထောင်လိုသူများ အတွက် ပိုမိုသင့်တော်ပါတယ်။

Bluetooth 5.0 စနစ်နဲ့ ထောက်ပံ့ပေးထားတာမို့ ပါဝါအစား သက်သာမှုများပြီး ချိတ်ဆက်မှုကလည်း မြန်ဆန်မှာဖြစ်ပါတယ်။ အကွာအဝေးကတော့ ၁၀ မီတာ အကွာအဝေး အထိ ကောင်းစွာ အသုံးပြုနိုင်ပါတယ်။ အသံထွက်အတွက် နားကြပ်တစ်ဖက်စီမှာ 6mm Dynamic Speaker နှစ်လုံးနဲ့ ဆိုတော့ Mega Bass တွေ Beat တွေကို အတွင်းကျကျ ခံစားရစေမှာ ဖြစ်ပါတယ်။ Mic အနေနဲ့ ထောက်ပံ့ပါ၀င်တဲ့အတွက် ယာဉ်မောင်းနေရင်း အလုပ်လုပ်နေရင်းနဲ့ ဖုန်းဖြေဆိုမှုတွေ လုပ်နိုင်မှာပါ။

ဘက်ထရီအနေနဲ့ 200mAh Battery ထောက်ပံ့ပေးထားတဲ့အတွက် တစ်နာရီခွဲ အားသွင်းရုံနဲ့ ၁၄ နာရီ ဆက်တိုက်အသုံးပြုနိုင်မှာပါ။ Standby အနေအထားနဲ့ဆိုရင် နာရီပေါင်းနှစ်ရာကျော် ထားရှိနိုင်မှာပါ။ အရှည် 62cm ရှိပြီး စုစုပေါင်း အလေးချိန် 19 g သာရှိလို့ တပ်ရဆင်ရ ပေါ့ပါးပါတယ်။

တန်ဖိုး၂၁၅၀၀ ကျပ်ဖြစ်ပါတယ်။ REMAX Myanmar က တရား၀င် တင်သွင်းဖြန့်ချိတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ IT ဆိုင်များက REMAX အရောင်းကောင်တာများမှာ ၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««