REMAX RB-M3 Mini Wireless Speaker

Bass သံပြင်းပြီး လုပ်ဆောင်ချက်တွေ အားလုံးကို လွယ်ကူစွာ လုပ်ဆောင်ဖို့လည်း ကိုယ်ထည်ပေါ်မှာ ထည့်သွင်းပေးထားတဲ့ REMAX RB-M3 Mini Wireless Speaker ဖြစ်ပါတယ်။ Silica Gel တစ်ထပ် အုပ်ထားလို့ ကိုင်ရတာ နူးညံ့သလို နေရာစုံ သယ်သွားနိုင်မှာ ဖြစ်ပါတယ်။

40mm Dynamic Speaker သုံးထားလို့ Bass အသံထွက်ပိုင်းမှာ ကောင်းမွန်ပြီး Bluetooth 4.2 ဖြစ်တဲ့အတွက် ချိတ်ဆက်မှုကလည်း မြန်ဆန်မှုရှိမှာ ဖြစ်ပါတယ်။ Mic ထောက်ပံ့ပေးထားတဲ့အတွက် သီချင်းနားထောင်ခြင်းအတွက် သာမက စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး ဖုန်းခေါ်ဆို ဖြေကြားခြင်း‌‌တွေကိုပါ ဆောင်ရွက်နိုင်မှာပါ။ Bluetooth သာမက အခြားကြိုးမဲ့ ချိတ်ဆက်မှု ဖြစ်တဲ့ NFC စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Battery Capacity 2000mAh ပါဝင်တဲ့အတွက် အချိန် ၄ နာရီကျော် ဆက်တိုက် အသုံးပြုနိုင်ပါတယ်။ အားကုန်သွားပါကလည်း Micro အားသွင်းပေါက်ကနေ ပြန်လည် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ AUX input ပါ၀င်တဲ့အတွက် Laptop , Computer အပြင် အခြား player တွေနဲ့ ချိတ်ဆက်သုံးနိုင်ပါတယ် ။

တန်ဖိုးက ၂၇၀၀၀ ကျပ် ဖြစ်ပါတယ်။ မြန်မာပြည်အရပ်ရပ်ရှိ REMAX Brand Shop တွေ၊ REMAX Corner ဆိုင်တွေနဲ့ Dealer အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««