REMAX RB-M13 Portable Bluetooth Speaker

အရွယ်သေးငယ်ပြီး အသံထွက်ပိုင်း အဆင်ပြေတဲ့ REMAX RB-M13 Portable Bluetooth Speaker ဖြစ်ပါတယ်။

Bluetooth Version 4.0 ကို အသုံးပြုထားပြီး ဆယ်မီတာအကွာအဝေးကနေ အသုံးပြုနိုင်တဲ့အပြင် SD Card/AUX Line in တို့နဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Handfree စနစ်နဲ့လည်း ဖုန်းပြောဆိုခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။အသံထွက်အနေနဲ့ Output Power က 3W အထိ စွမ်းဆောင်နိုင်မှာပါ။ ဘက်ထရီအနေနဲ့ 500mAh, 3.7V ဘက်ထရီ ထောက်ပံ့ပေးထားတဲ့ အတွက် ၂.၅ နာရီ အားသွင်းထားရင် ၁၄ နာရီဆက်တိုက် စကားပြောဆိုနိုင်သလို သီချင်းကို ၅ နာရီဆက်တိုက် ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ Standby အနေနဲ့ ရက်ပေါင်း ၆၀ ထားနိုင်မှာဖြစ်ပါတယ်။

စျေးကွက်ထဲကို ရွှေအိုရောင်နဲ့ ခဲရောင်ဆိုပြီး နှစ်မျိုး၀င်ရောက်လာပါတယ်။ အရွယ်အစားက 8.5cm x 8.5mcm x 3.4cm ဖြစ်ပြီး အလေးချိန်က 100g ရှိပါတယ်။

တန်ဖိုးက ၁၇,၅၀၀ ကျပ် ဖြစ်ပါတယ်။ Remax Myanmar က တရား၀င်တင်သွင်းတာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ပြားရှိ Remax အရောင်းကောင်တာတွေမှာ ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««