Remax MiniPro Power Bank

ယခင်ထွက်ရှိပြီးသား MiniPro 10000mAh Power Bank အရွယ်အစားအတိုင်း ပေါ့ပါးခိုင်ခံ့တဲ့ သတ္တုကိုယ်ထည်နဲ့ ထွက်ရှိလာပြီး Battery Capacity 15000mAh အထိ တိုးလာတဲ့ Remax MiniPro Power Bank ဖြစ်ပါတယ်။

Output 22.5Watt အထိ ထုတ်ပေးနိုင်တဲ့ USB 3.0 Port တစ်ခု ပါဝင်ပြီး VOOC Flash Charge, Qualcomm 3.0 Quick Charge ,PPS/PD3.0/PD2.0,QC3.0/QC2.0/PC1.2, AFC/SCP/SFCP/SCP/ MTK PE2.0/ PE1.1 စတဲ့ Quick Charge စနစ်ပါတဲ့ ဖုန်းအားလုံးနဲ့ Fast Charging ပြုလုပ်နိုင်ပါတယ်။ PD/QC 18Watt နဲ့ Type-C input/ Output Port တစ်ခုအပြင် 10Watt Normal USB Port တစ်ခု စုစုပေါင်း Output USB သုံးခု ပါဝင်ပါတယ်။ အားသွင်းကြိုးမရွေး သုံးနိုင်မယ့် input သုံးမျိုး ပါဝင်ပါတယ်။Output 22.5 Watt ဖြစ်တဲ့အတွက် iPhone 12 Series ကဲ့သို့ ဖုန်းတွေအတွက် သင့်တော်ပါတယ်။ Battery Capacity ကို Digital ဂဏန်းတွေနဲ့ပြပေးမှာ ဖြစ်ပြီး ATM Card သာသာ အရွယ်အစားပဲ ရှိပါတယ်။ အရောင်အနေနဲ့ လေးမျိုး ထွက်ရှိလာပြီး တန်ဖိုးက ၂၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ REMAX Brand Shops များ , REMAX Corner ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««