REMAX ရဲ့ RCC-230 FM Bluetooth Car Charger

Bluetooth Function မပါတဲ့ ကားကက်ဆက်နဲ့ တွဲသုံးနိုင်မယ့် REMAX ရဲ့ RCC-230 FM Bluetooth Car Charger ဖြစ်ပါတယ်။ အားသွင်းစဉ် အားပိုသွင်းမှု၊ အပူချိန်လွန်ကဲမှု၊ Voltage လွန်ကဲမှု စတဲ့ ပြဿနာတွေမဖြစ်အောင်လည်း 6-fold circuit protection system စတာတွေ ထောက်ပံ့ပေးထားပါတယ်။Cigarettes Lighter မှာ တပ်ဆင်အသုံးပြုနိုင်ပြီး ကား DVD Player ရဲ့ FM ကနေတစ်ဆင့် ချိတ်ဆက်ပြီး မိမိကြိုက်တဲ့ သီချင်းတွေကို စိတ်ကြိုက် နားဆင်နိုင်မှာပါ။ အားသွင်းပေါက် USB ( ၂ ) ပေါက် အပြင် Type-C USB Output တစ်ခု ပါပြီး (5V/2.4A) အားအဝင် နှုန်းနဲ့ ဒုတိယ USB ပေါက်မှာ ဖုန်းအားသွင်းနိုင်ပါတယ်။ ပထမ USB ပေါက်က ဖုန်းအားသွင်းဖို့ အပြင် Memory Stick 32 GB အ ထိစိုက်လို့ရပြီး Mp3 သီချင်းတွေကို ဖွင့်နိုင်မှာဖြစ်ပါတယ်။ အား၀င်တဲ့ပမာဏတွေ၊ လုပ်ဆောင်မှုတွေကို ဖော်ပြပေးဖို့ Digital display screen ပါ၀င်ထောက်ပံ့ထားသလို အရောင်ခုနစ်ရောင်ကလဲ အလိုအလျောက် ပြောင်းလဲနိုင်ပါတယ်။ Bluetooth 5.0 နဲ့ Hand free ချိတ်ဆက် ပြောဆိုနိုင်သလို FM အနေနဲ့ 87.5MHz ကနေ 108.0MHz အတွင်း ဖမ်းယူနိုင်မှာပါ။ အသံဖိုင်တွေ အနေနဲ့ MP3, WMA, APE, FLAC, WAV စတာတွေကို ဖွင့်နိုင်ပါတယ်။ Micro SD Card 32GB အထိ ထည့်သွင်း အသုံးပြုနိုင်သလို သီချင်း အပုဒ်ကျော် ခလုတ်လည်း ပါ၀င်ပါတယ်။ ဖုန်းလာရင် တစ်ခါတည်း ပြောဖို့ Handsfree ခလုတ်လေးပါတဲ့အတွက် အသုံးပြုရ အဆင်ပြေ လွယ်ကူပါတယ်။

တန်ဖိုးက ၁၂,၅၀၀ ကျပ် ဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ REMAX Brand Shop ကြီးတွေ၊ REMAX Corner ဆိုင်တွေနဲ့ Dealer ဆိုင်ကြီးတွေမှာ ၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ