Remax အမှတ်တံဆိပ် Laptop သုံးမျိုးကို ယနေ့နေ့လယ်ပိုင်းက တရုတ်နိုင်ငံ၊ ရှန်ဇန်းမြို့ရှိ Castle Hotel မှာ မိတ်ဆက်ပြသခဲ့ပါတယ်။
Laptop တွေရဲ့ တန်ဖိုးကတော့ Remax Rexbook S (7Gen Intel Core M3 processor, RAM 8GB, 256 GB SSD,14 inch Display) မြန်မာကျပ်ငွေ ရှစ်သိန်းဝန်းကျင်ခန့် ၊ Rexbook (7Gen Intel Core Processor , intel 4 6GB/128GB SSD, 14inch display) မြန်မာကျပ်ငွေ ခြောက်သိန်းဝန်းကျင်ခန့် , Rexbook Air (7Gen Intel Quad-core processor, RAM 6GB, 128GB SSD, 11.6 inch Display ) မြန်မာကျပ်ငွေငါးသိန်းဝန်းကျင်ခန့်ဖြစ်ပြီး ပြည်တွင်းမှာ စတင်ရောင်ချမယ့်ဈေးနှုန်းကိုမှု မသိရှိရသေးပေ။
အဆိုပါ Remax အမှတ်တံဆိပ် Laptop တွေကို Remax ရဲ့ တစ်ဦးတည်းကိုယ်စားလှယ် MZ Myanmar company မှ မကြာမီဈေးကွက်အတွင်းသို့ တင်သွင်းရောင်းချသွားမယ်လို့ သိရပါတယ်။
-အောင်သူ