Redmi K30 နဲ့ K30 5G ကိုထုတ်ဖော်မိတ်ဆက်ခဲ့

Xiaomi အမှတ်တံဆိပ်ခွဲ ဖြစ်တဲ့ Redmi ဟာ ဒီဇင်ဘာလ ၁၀ ရက်က Redmi K30 နဲ့ Redmi K30 5G ဖုန်းတွေကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ ၆.၆၇ လက်မ 120Hz display တွေနဲ့ ကျောဘက်ကင်မရာ 64MP တို့ပါဝင်လာပါတယ်။

Redmi K30 5G

Redmi K30 5G ဟာ Snapdragon 765G SoC ထောက်ပံ့ထားတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာကာ 5G ထောက်ပံ့မှု ပါဝင်လာပါတယ်။ ဒါ့အပြင် အခုဖုန်းဟာ 5G ကွန်ရက် အသုံးပြုနိုင်တဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ ဖုန်းမှာ Android 10 အခြေခံ MIUI 11 အသုံးပြုထားပြီး 6GB/64GB, 6GB/128GB, 8GB/128GB နဲ့ 8GB/256GB ကိုအသုံးပြုထားပါတယ်။

Redmi K30 5G မှာ မျက်နှာပြင် ၆.၆၇ လက်မ LCD နဲ့ ရုပ်ထွက်အရည်အသွေး 2400x 1080pixels နဲ့ 120Hz refresh rate အသုံးပြုထားပါတယ်။ Redmi စမတ်ဖုန်းအတွက် စတင် အသုံးပြုလိုက်တဲ့ refresh rate ဖြစ်ပါတယ်။

Redmi K30 5G ရှေ့ဘက်ကင်မရာကို ဆေးပြားပုံစံ punch hole ကင်မရာကို ညာဘက်ထောင့်မှာ ထည့်သွင်းပြီး 20MP selfie ကင်မရာပါဝင်ကာ 2MP depth sensor နဲ့ပေါင်းစပ်ပေးပါတယ်။

ကျောဘက်မှာတော့ ကင်မရာ ၄ လုံးကို ဒေါင်လိုက်ထည့်သွင်းထားပါတယ်။ ကင်မရာကတော့ အဓိက 64MP (Sony IMX686), 8MP ultrawide (FOV ၁၂၀ ဒီဂရီ), 5MP macro နဲ့ 2MP depth sensor တို့ဖြစ်ပါတယ်။ Redmi K30 5G ဟာ 64MP Sony IMX686 sensor စတင် ပါဝင်လာတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာပါတယ်။ စမတ်ဖုန်းမှာ fingerprint scanner ကို ညာဘက်ခြမ်းက ပါဝါခလုတ်မှာ ထည့်သွင်းထားပါတယ်။

K30 5G ဖုန်းကို အပူချိန်မမြင့်တက်အောင် အရည်အအေးခံစနစ် အတွက် ကြေးပိုက်ကို ထည့်သွင်းထားပြီး dual-frequency GPS နဲ့ Bluetooth 5.1 ကိုအသုံးပြုထားပါတယ်။ ဖုန်းမှာ ဘက်ထရီ 4,500mAh ပါဝင်သလို 30W အားသွင်းမြန်ဆန်ထောက်ပံ့မှု ထည့်သွင်းထားပါတယ်။ ဖုန်းကို အပြာ၊ အနီ၊ ခရမ်းနဲ့ အဖြူဆိုပြီး ထုတ်လုပ်သွားပါမယ်။

Redmi K30

Redmi K30 ကတော့ K30 5G နဲ့ဒီဇိုင်းပိုင်းတူညီပေမယ့် ကွာခြားချက် အနည်းငယ်ရှိပါတယ်။

K30 မှာတော့ Snapdragon 730G SoC ကိုအသုံးပြုထားပေမယ့် 5G မထောက်ပံ့ထားပါဘူး။ ကင်မရာပိုင်းမှာ 2MP macro ကျောဘက်ကင်မရာနဲ့ 27W အားသွင်းစနစ်ကို အသုံးပြုထားပါတယ်။ K30 မှာ dual-frequency GPS မပါဝင်ပေမယ့် Bluetooth 5.0 ပါဝင်လာပါတယ်။ အရောင်ကတော့ အပြာ၊ အနီနဲ့ ခရမ်း အရောင် ၃ မျိုးပဲ ထုတ်လုပ်ထားပါတယ်။

ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်

Redmi K30 ကို ဒေါ်လာ ၂၃၀ နဲ့စတင်ရောင်းချမှာ ဖြစ်ပေမယ့် 5G ဗားရှင်းကိုတော့ ၂၈၅ ဒေါ်လာနဲ့ စတင်ရောင်းချသွားပါမယ်။ ဈေးနှုန်းအမျိုးမျိုးကို အောက်မှာဖော်ပြထားပါတယ်။

Model Redmi K30 Redmi K30 5G
6GB/64GB CNY1,599($230/€205) CNY1,999($285/€255)
6GB/128GB CNY1,699($240/€220) CNY1,999($285/€255)
8GB/128GB CNY1,899($270/€245) CNY2,599($370/€335)
8GB/256GB CNY2,199($310/€280) CNY2,899($410/€370)

Redmi K30 5G ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်ဝယ်ယူနိုင်ပါမယ်။ K30 ကိုတော့ ဒီဇင်ဘာလ ၁၂ ရက်မှာ စတင်ရောင်းချသွားပါမယ်။

စိုးထက်
Ref: GSMArena