Red Magic 5S နဲ့အတူ စမတ်နာရီကိုလည်း မိတ်ဆက်မယ့် nubia

nubia ဟာ ဇူလိုင် ၂၈ ရက်မှာ Red Magic 5S ဖြန့်ချိမယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အခုအခါမှာတော့ nubia ဟာ စမတ်နာရီကိုလည်း မိတ်ဆက်လိုက်ပါတယ်။ nubia က Weibo post တစ်ခုမှာ ဂိမ်းအသားပေး Red Magic 5S နဲ့အတူ စမတ်နာရီကိုလည်း မိတ်ဆက်မယ်လို့ တင်ထားပါတယ်။ စမတ်နာရီရဲ့ လုပ်ဆောင်ချက် တချို့ကိုလည်း ထုတ်ဖော်ပြသလိုက်ပါတယ်။

nubia စမတ်နာရီမှာ ပျော့ပျောင်းတဲ့ 316L stainless steel နဲ့ အလူမီနီယံကိုယ်ထည် သုံးထားပါတယ်။ nubia တရားဝင်ဝက်ဘ်ဆိုက် သရုပ်ဖော်ပုံနဲ့ ပိုစတာတွေလည်း ထွက်ထားပါတယ်။ စမတ်နာရီအတွက် OLED display အကွေးကို အသုံးပြုထားပြီး ဘေးဘက်မှာ Apple Watch လိုမျိုး လှည့်လို့ရတဲ့ ခလုတ်တစ်ခုလည်း ပါဝင်လာတယ်။

nubia က စမတ်နာရီကို ဈေးနှုန်းသက်သာတဲ့ ထုတ်ကုန်အဖြစ် ဈေးကွက်ရှာဖွေနေပါတယ်။ ဒါကြောင့် nubia စမတ်နာရီက ဈေးသက်သာဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena