Recovery အီးမေးလ်သုံးပြီး Apple ID password ကို ဘယ်လို Reset လုပ်မလဲ

မိမိအနေနဲ့ Apple ID password ကို မေ့သွားခဲ့ရင် Apple ID အကောင့်ဖွင့်တုန်းက အသုံးပြုခဲ့တဲ့ အီးမေးလ်ကို အသုံးပြုပြီး password ကို reset လုပ်နိုင်ပါတယ်။

အရင်ဆုံးဖုန်းထဲက Safari ကို ဖွင့်လိုက်ပါ။

ဖွင့်ပြီးရင် အပေါ်နားက search အကွက်ထဲမှာ iforgot.apple.com ဆိုတဲ့စာသားကို ရိုက်ပါ။

အောက်မှာပြထားတဲ့ ပုံထဲကအတိုင်း Enter Your Apple ID ကို နှိပ်ပါ။

နှိပ်ပြီးရင် Password Retrieval အောက်နားက အကွက်ထဲမှာ recover အီးမေးလ်ကို ထည့်ပေးပါ။ ပြီးရင်တော့ ညာဘက်အပေါ်ထောင့်နားက Next ကို နှိပ်ပါ။

ပြီးရင် အောက်က ပုံပါအတိုင်း Reset By Email ကို နှိပ်ပါ။

Reset By Email ကို နှိပ်ပြီးရင်တော့ ခုလိုမျိုး အီးမေးလ်ကို ပို့လိုက်ပြီဆိုတဲ့ စာသားပေါ်လာမှာ ဖြစ်ပါတယ်။

အဲလိုစာသားပေါ်လာရင်တော့ မိမိရဲ့ အီးမေးလ်ထဲမှာ password ကို reset လုပ်ဖို့ link ရောက်ရှိနေမှာဖြစ်ပြီး အဲဒီ link ကနေ password အသစ်ကို ထပ်ထည့်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။

– ရဲထွဋ်ဝင်း