Realme X50 Pro Player ကိုတရားဝင်မိတ်ဆက်

Realme ဟာ တရုတ်နိုင်ငံမှာ ထုတ်ကုန်သစ် ၃ မျိုးကို မိတ်ဆက်လိုက်ပါတယ်။ Realme X50 Pro Player ကို အွန်လိုင်းပွဲတစ်ခု အဖြစ်နဲ့ မိတ်ဆက်သွားပါတယ်။ Realme X50 Pro မှာ စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ feature တွေအပြင် Snapdragon 865 chipset နဲ့ အတူ 5G ချိတ်ဆက်မှုပါဝင်လာပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၄၄ လက်မ AMOLED မျက်နှာပြင်နဲ့အတူ 90Hz refresh rate နဲ့ LPDDR5 RAM နဲ့ UFS 3.0 storage တို့နဲ့ဖြစ်ပါတယ်။ ဖုန်းမှာ HyperBoost 3.0 ပါဝင်တာကြောင့် ဂိမ်းကစားတဲ့ အတွေ့အကြုံ တိုးမြှင့်ဖို့ memory, chipset နဲ့ ဘက်ထရီစွမ်းအင်တို့ကို တာဝန်ခွဲဝေပေးပါတယ်။ ဒါကြောင့် သတိပေးချက်တွေ အများကြီးရတာ မရှိသလို နောက်ကွယ် app နဲ့ location ဝန်ဆောင်မှုကိုလည်း ပိတ်ပေးပါမယ်။

Realme ဈေးကွက်ရှာဖွေရေး အကြီးအကဲ အရာရှိဖြစ်သူ Xu Qi Chase က ဘက်ထရီကတော့ နဂိုအတိုင်းရှိပြီး 65W အားသွင်းမြန်ဆန်စနစ် ပါဝင်လာပါတယ်။ ဘက်ထရီ 4,200mAh ကို ၃၅မိနစ်အတွင်း ၀ ရာခိုင်နှုန်းကနေ ၁၀၀ရာခိုင်နှုန်းအထိ အားသွင်းပေးပါတယ်။ ဖုန်းကို ၃ မိနစ် အားသွင်းပြီးရင် တစ်နာရီကြာ ဖုန်းပြောနိုင်ပါသေးတယ်။HyperBoost 3.0 ကတော့ Wi-Fi ကနေ LTE ဒါမှမဟုတ် 5G ပြောင်းအလဲ ပေးပါတယ်။ X50 Pro Playeer ရဲ့အအေးပေးစနစ်ကတော့ ဘက်ထရီနဲ့ ကျောဘက် panel အကြား graphite အလွှာတွေထည့်သွင်းပြီး အပူကို လျော့ပါးစေကာ အကောင်းဆုံး gaming စွမ်းဆောင်ရည်ထောက်ပံ့ပေးပါတယ်။

X50 Pro Player ကျောဘက်ကင်မရာက 48MP ဖြစ်ပြီး 2MP macro ပါဝင်လာပါတယ်။ ရှေ့ဘက်မှာ 16MP+ 2MP depth sensor ပါဝင်လာပါတယ်။ Realme X50 Pro Player ကိုငွေနဲ့ အနက်ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဖုန်းရဲ့ storage 128GB ဖြစ်ပြီး RAM ဗားရှင်း ၃မျိုး ထုတ်လုပ်ထားပါတယ်။ X50 Pro Player အတွက် 6/128GB ကတော့ ဒေါ်လာ ၃၈၀၊ 8/128GB ကတော့ ဒေါ်လာ ၄၂၀၊ 12/128GB ကတော့ ဒေါ်လာ ၄၆၀ အသီးသီးကျသင့်ပါမယ်။ X50 Pro Player ကိုကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ ဇွန် ၁ ရက်မှာ အွန်လိုင်းကနေ flash sale နဲ့ရောင်းပါမယ်။

Realme ပြည်တွင်းဈေးကွက် နှစ်ပတ်လည်အတွက် Realme X50 Pro ဗားရှင်းတစ်မျိုးလည်း ထွက်ရှိပါမယ်။ အဲဒီဖုန်းကိုတော့ မရောင်းချဘဲ ကံစမ်းမဲဖောက်တာနဲ့ အခြားလုပ်ဆောင်ချက်အမျိုးမျိုးနဲ့ ပရိသတ်တွေဆီ ပေးသွားပါမယ်။

စိုးထက်
Ref: GSMArena