Realme X2 Pro မှာ 90Hz OLED display နဲ့ 855+ chipset အသုံးပြုထား

Realme ဟာ ပထမဆုံး flagship ဖုန်းလို့ ယူဆရတဲ့ Realme X2 Pro ကို မိတ်ဆက်လိုက်ပါတယ်။ Realme ဟာ အရင်တုန်းက အလယ်အလတ်တန်းစား ဖုန်းတွေကို အဓိက မိတ်ဆက်ခဲ့ပါတယ်။

Realme X2 Pro မှာတော့ 90Hz display ပါဝင်ပြီး ၆.၅ လက်မ Super AMOLED နဲ့ ရုပ်ထွက်အရည်အသွေး 1080p+ အသုံးပြုထားပါတယ်။ အရောင်သရုပ်ဖော်မှုအတွက် HDR10+ နဲ့ DCI-P3 အရောင်ကို အသုံးပြုထားပါတယ်။

ဖုန်းရဲ့ကျောဘက်မှာတော့ မြန်ဆန်တဲ့ in-display fingerprint reader ပါဝင်လာပြီး ၀.၂၃ စက္ကန့်နဲ့ ဖုန်းကို ဖွင့်နိုင်ပါတယ်။

ဖုန်းအတွင်းက Snapdragon 855+ chipset ကလည်း စွမ်းဆောင်ရည်ကို မြန်ဆန်စေပါတယ်။ GPU စွမ်းဆောင်ရည်က ၁၅ ရာခိုင်နှုန်း မြှင့်တင်ပေးပြီး 90fps ဂိမ်းတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။

အဲဒီ chipset ကို အေးအောင်ပြုလုပ်ပေးမယ့် vapor chamber ပါဝင်လာပါတယ်။ HyberBoost 2.0 က frame rate ကိုတည်ငြိမ်အောင် ပြုလုပ်ပေးကာ Touch Boost 2.0 ကတော့ touch တုံ့ပြန်မှုကို ၃၅ ရာခိုင်နှုန်းအထိ မြန်ဆန်စေမှာ ဖြစ်ပါတယ်။

Realme X2 Pro မှာ RAM 6GB နဲ့ UFFS 2.1 storage 64GB မော်ဒယ်ရှိပါတယ်။ အဲဒီ မော်ဒယ်မှာ 8/128GB ဒါမှမဟုတ် 12/256GB ကိုလည်းဝယ်ယူနိုင်ပါတယ်။ ဖုန်းမှာ microSD အပေါက် မပါဝင်ပါဘူး။

Realme X2 Pro ကျောဘက်မှာ ကင်မရာ ၄ လုံးအထိ ပါဝင်လာပါတယ်။ ပုံမှန် 64MP ကင်မရာမှာ Samsung GW1 sensor (1/1.72”) နဲ့ f/1.8 aperture နဲ့ 0.8µm pixels ပါဝင်လာပါတယ်။ ဖုန်း sensor ရဲ့ Quad Bayer ဒီဇိုင်းကတော့ 4-in-1 pixel binning နဲ့ 16MP output တို့ပါဝင်လာပါတယ်။

Realme ဟာ night mode ဗားရှင်းသစ်ဖြစ်တဲ့ Nightscape 2.0 ကို AI နဲ့တွဲဖက်ထားကာ ပုံမှာဝါးသွားတာမျိုး မဖြစ်အောင် ပြုလုပ်ထားပါတယ်။

ဖုန်းရဲ့ 13MP sensor နဲ့ 2x telephoto က စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဗီဒီယိုတွေရိုက်ကူးတဲ့အခါမှာ 4K ရိုက်ကူးနိုင်ပြီး Electronic Image stabilization ပါဝင်လာပါတယ်။

ဖုန်းအတွက် ၁၁၅ ဒီဂရီ ultra wide-angle ကင်မရာ ပါဝင်လာပါတယ်။ ဖုန်းမှာ 8MP sensor မှာကြီးမားတဲ့ 1.4µm pixels နဲ့ PDAF နဲ့အတူ macro mode ပါဝင်လာပါတယ်။ ဒါ့အပြင် Realm X2 Pro က 960fps နဲ့ 720p တွေနဲ့ slow-motion ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

Realme X2 Pro ရဲ့နောက်ဆုံးကျောဘက်ကင်မရာကတော့ 2MP portrait ကင်မရာ ဒါမှမဟုတ် depth sensor ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို contrast နဲ့ texture ကောင်းအောင် လုပ်ပေးနိုင်ပါတယ်။

ရှေ့ကင်မရာကတော့ 16MP ဖြစ်ပြီး 1.0 µm pixels နဲ့ Quad Bayer filter ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာလိုပဲ ရှေ့ကင်မရာမှာ Nightscape mode နဲ့ ဗီဒီယိုအတွက် EIS တို့ပါဝင်တယ်။

Realme X2 Pro မှာဘက်ထရီ 4,000mAh နဲ့အတူ 50W SuperVOOC အားသွင်းမြန်ဆန်တဲ့စနစ် ဖြစ်ပါတယ်။ ဘက်ထရီကို နာရီဝက်အတွင်း ၈၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။ OnePlus ရဲ့ 30W charger ထက် ပိုမြန်ဆန်ပြီး USB Power Delivery နဲ့ Qualcomm QuickCharge တို့ပါဝင်လာပါတယ်။

ဖုန်းကျောဘက်နဲ့ ရှေ့ဘက်မှာ Gorilla Glass 5 ကိုအသုံးပြုထားပါတယ်။ Realme ကိုယ်ထည်ကိုတော့ သတ္တုနဲ့ပြုလုပ်ထားပါတယ်။ Realme X2 Pro ကို ပင်လယ်ပြာနဲ့ ငွေရောင်ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ကာ အနီနဲ့ မီးခိုးရောင်နဲ့ထုတ်လုပ်မယ့် Master Edition တွေလည်းထွက်လာမှာပါ။

X2 Pro မှာ ဂိမ်းတွေအတွက် အထိအတွေ့ကောင်းမွန်စေဖို့ Tactile Linear Mortor ပါဝင်လာပါတယ်။ စပီကာ၂ လုံး ပါဝင်ပြီး အသံအရည်အသွေးမြင့် Dolby Atmos ထောက်ပံ့ထားပါတယ်။

Realme X2 Pro ကို အောက်တိုဘာ ၁၈ ရက်မှာ တရုတ်နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ Realme X2 Pro ရဲ့ 6GB/64GB ဗားရှင်းကို ဒေါ်လာ ၃၈၀ နဲ့ 8GB/128GB ကို ဒေါ်လာ ၄၁၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအမြင့်ဆုံး ဗားရှင်းကတော့ RAM 128GB နဲ့ storage 256GB တို့ပါဝင်ပြီး ဒေါ်လာ ၄၆၅ ကျသင့်မှာ ဖြစ်ပါတယ်။

Master Edition ကတော့ 12GB/256GB ပဲထွက်ရှိမှာဖြစ်ပါတယ်။ Realme ဟာဥရောပအတွင်း Realme X2 Pro ကိုရောင်းချသွားမှာဖြစ်ပြီး မိတ်ဆက်ပွဲကို မက်ဒရစ်မှာ ပြုလုပ်သွားပါမယ်။

စိုးထက်
Ref: GSMArena