Realme X
[ Zawgyi ]
Price : (449,000 [8GB/128GB])
အားသာချက်
အားနည်းချက်
စွမ်းဆောင်ရည်
ကင်မရာ
ဘက်ထရီ
သုံးသပ်ချက်
GSM 4G LTE
SIM Dual SIM (Nano-SIM, dual stand-by)
Display AMOLED capacitive touchscreen, 6.53 inches (19.5:9 ratio)
OS Android 9.0 (Pie); Color OS 6
CPU Octa-core (2×2.2 GHz Kryo 360 Gold & 6×1.7 GHz Kryo 360 Silver)
GPU Adreno 616
Camera 8MP (f/1.8) wide, 5MP (f/2.4) depth, PDAF, LED flash, HDR; Front Motorized pop-up 16MP (f/2.0)
Internal 128 GB; RAM 6 GB
Battery Non-removable Li-Po 3765 mAh
Others Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, Corning Gorilla Glass 5, 20W Fast battery charging (VOOC 3.0), Fingerprint (under display)
Display
Performance
Camera
Battery
Hand on
Over all
-ရဲထွဋ်ဝင်း
[ Unicode ]
Price : (449,000 [8GB/128GB])
အားသာခကျြ
ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ ကောင်းမွန်တဲ့ AMOLED screen နဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေက ဒီဖုန်းရဲ့ အားသာချက်လို့ဆိုရမှာ ဖြစ်ပါတယ်။ အားသွင်းမြန်ဆန်တဲ့ VOOC 3.0 fast charging နည်းပညာ ထောက်ပံ့ပါ၀င်တာကလည်း အကြိုက်တွေ့စရာပါ။
အားနည်းချက်
ကျောဘက်ကင်မရာ နှစ်လုံးက အရည်အသွေးပိုင်း မြင့်မားပေမယ့် စျေးနှုန်းတူ ကင်မရာသုံးလုံးပါ၀င်တဲ့ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ telephoto ကင်မရာစနစ် မပါ၀င်ဘူး။ microSD ကတ်ပေါက် မပါ၀င်တာနဲ့ ကြီးမားတဲ့အရွယ်အစားက ကိုင်ရတာ အလေးချိန်အနည်းငယ်ရှိတယ်လို့ ခံစားရပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
notch မပါ၀င်တဲ့ မျက်နှာပြင်ဒီဇိုင်းက ဆွဲဆောင်မှုရှိသလို နောက်ဘက်ကာဗာရဲ့ ကာဗွန်ဖိုက်ဘာ အစင်းလေးတွေနဲ့ ကာလာရောင်ပြေးပုံစံတွေက ဖန်စီဆန်ဆန် လှပမှုရှိတယ်ဆိုရမှာပါ။ ဖုန်းမြင်ကွင်း ညာဘက်ဘောင်မှာ ပါ၀ါခလုတ်နဲ့ သူ့ရဲ့အပေါ်ကပ်လျက်မှာ ဆင်းမ်ကတ်ပေါက်ရှိပြီး ဘယ်ဘက်ဘောင်ထဲမှာ အသံ အတိုးအကျယ် ခလုတ်ကို တပ်ဆင်ထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာ USB Type-C အားသွင်းပေါက်နဲ့ နားကြပ်ပေါက်ရှိပါတယ်။ ကိုယ်ထည်ဖွဲ့ စည်းထားမှုပိုင်း တောင့်တင်းမှုရှိပေမယ့် ကြီးမားတဲ့ အရွယ်အစားက လက်တစ်ဖက်တည်း ကိုင်တွယ်အသုံးပြုဖို့အတွက် အနည်းငယ်ခက်ခဲမှု ရှိနိုင်မှာဖြစ်ပါတယ်။
Display ကတော့ AMOLED panel အမျိုးအစား Full HD+ Display က notch မပါ၀င်တဲ့ FullView ပုံစံဖြစ်ပြီး မျက်နှာပြင်အကျယ် ၆.၅၃ လက်မ ရှိပါတယ်။ ရုပ်ထွက်အရည်အသွေး 2340×1080 pixels အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ aspect ratio 19.5:9 ရှိပါတယ်။ ဖုန်းကိုယ်ထည်မှာ Screen ပါ၀င်မှုနှုန်း ၈၅.၉ ရာခိုင်နှုန်း ရှိပါတယ်။ ဖုန်းရဲ့ အလေးချိန်ကတော့ ၁၉၁ ဂရမ်ရှိပြီး ကိုင်ရတာ အနည်းငယ်လေးတယ်လို့ ဆိုရမှာပါ။
စွမ်းဆောင်ရည်
ဒီဖုန်းမှာ အမြန်နှုန်း 2.2GHz ရှိတဲ့ Snapdragon 710 Octa-core processor ကို အသုံးပြုထားပြီး RAM 6GB နဲ့ သိုလှောင်နိုင်မှုပမာဏ 128GB ရှိပါတယ်။ Adreno 616 GPU စနစ်နဲ့ သူ့မှာထောက်ပံ့ပါ၀င်တဲ့ Game Boost 2.0 နည်းပညာတွေက PUBG, Asphalt 9 စတဲ့ မိုဘိုင်းဂိမ်း ဂရပ်ဖစ်အရည်အသွေး ကောင်းကောင်းနဲ့ ကစားနိုင်ပါတယ်။ အသံထွက်ပိုင်းကတော့ ကောင်းမွန်သလို OS အနေနဲ့ Android 9.0 Pie အခြေပြု ColorOS 6 ကို ထည့်သွင်းထားပါတယ်။ ဖုန်းမြင်ကွင်းထဲမှာ ထည့်သွင်းထားတဲ့ under display လက်ဗွေစနစ်က မြန်ဆန်မှု ရှိပါတယ်။ အသုံးဝင်လှတဲ့ App စနစ်နဲ့ Gesture စနစ်တွေ ထောက်ပံ့ပါ၀င်ပေမယ့် pre-installed လုပ်ထားတဲ့ bloatware တွေ အများကြီးပါတာက နည်းနည်းတော့ စိတ်ရှုစရာပါ။
ကင်မရာ
ကျောဘက်မှာ Aperture f/1.7 ရှိတဲ့ 48MP IMX586 wide ကင်မရာနဲ့ Aperture f/2.4 ရှိတဲ့ 5MP depth ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ရုပ်ထွက်နဲ့ ကာလာပိုင်းက သဘာဝကျတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင် ပေမယ့် Flagship တွေလို dynamic range က အတော်ကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ Mid-range မော်ဒယ်အတွက်ကတော့ ကင်မရာစနစ်က ကျေနပ်စရာ ကောင်းလှတယ်လို့ ဆိုရမှာပါ။ ညပိုင်း ရိုက်ကူးမှုပိုင်းမှာလည်း Auto ထက်စနစ်က Night mode က ပိုပြီး ကျေနပ်စရာကောင်းပါတယ်။ 30fps ဗီဒီယိုကို 2160p အရည်အသွေးနဲ့ ရိုက်ကူးနိုင် မှာဖြစ်ပါတယ်။ ကင်မရာစနစ်မှာ PDAF နည်းပညာနဲ့ gyro-EIS စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။
ရှေ့ကင်မရာက aperture f/2.0 ရှိတဲ့ 16MP အမျိုးအစား Motorized pop-up selfie ကင်မရာဖြစ်ပါတယ်။ ရှေ့ကင်မရာမှာ AI Beautifiaction နည်းပညာ ထောက်ပံ့ပါ၀င်ပြီး Selfie ရိုက်ကူးမှုက တော်တော်လေး သဘာဝကျလာတယ်လို့ ခံစားရတယ်။
ဘက်ထရီ
Realme X ရဲ့ ဘက်ထရီက 3765 mAh ဘက်ထရီနဲ့ တစ်နေ့တာ အသုံးပြုမှုမျိုးစုံ အသုံးပြုတာကို ၁၁ နာရီ ကျော်ကြာ အသုံးပြုနိုင်တာက နှစ်ခြိုက်စရာပါ။ ဘက်ထရီအတွက် 20W Fast Battery Charing မြန်ဆန်တဲ့ အားသွင်းနည်းပညာ ထောက်ပံ့ပါ၀င်လာပြီး ဘက်ထရီ ၅၅ ရာခိုင်နှုန်းကို မိနစ် ၃၀ အတွင်း သွင်းနိုင်မှာပါ။
သုံးသပ်ချက်
Realme X က မာစတာဗားရှင်းအနေနဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ကာလာဒီဇိုင်းပုံစံလည်း ထွက်ထားပြီး ပုံမှန်ဗားရှင်းထက် ဒီဇိုင်းပိုင်းက ပိုပြီး သေသပ်လှပပါတယ်။ စျေးနှုန်းကတော့ ၄၅၉,ဝဝဝ ကျပ်ဆိုတော့ တစ်သောင်းလောက်ပဲ ကွာတယ်ဆိုတော့ Realme သုံးစွဲသူတွေအနေနဲ့ ဒီဇိုင်းပိုင်းပိုပြီး နှစ်လိုဖွယ်ကောင်းတဲ့ မာစတာဗားရှင်းကို ရွေးစေချင်ပါတယ်။ မိမိအနေနဲ့ စွမ်းဆောင်ရည်ကောင်းပြီး စျေးနှုန်း သင့်တင့်မှုရှိတဲ့ စမတ်ဖုန်းကို ကိုင်ချင်တယ်ဆိုတော့ နောက်ဆုံးပေါ် လူကြိုက်များလှတဲ့ Under display လက်ဗွေစနစ်၊ Pop-up Selfie ကင်မရာတွေ ပါ၀င်တဲ့အပြင် မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ကင်မရာပိုင်းကောင်းမွန်တဲ့ Realme X က Mid-range ဖုန်း အမျိုးအစားထဲမှာ ပေးရတဲ့စျေးနဲ့ သုံးရတာတန်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။