Realme X မှာ 48MP Sony IMX586 sensor ပါဝင်လာမည်

[ Zawgyi ]





စိုးထက်
Ref: GSMArena

[ Unicode ]

မကြာသေးခင်က Realme ဟာ Realme X မှာ AMOLED display ပါဝင်မယ်လို့ ပိုစတာနဲ့ အတည်ပြုထားပါတယ်။ အခုဆိုရင်လည်း Realme X မှာ f/1.7 aperture နဲ့ 48MP Sony IMX586 ပါဝင်မယ်လို့ နောက်ထပ် ပိုစတာတစ်ခုနဲ့ အတည်ပြုခဲ့ပါတယ်။

Realme X မှာ Nightscape Mode ပါဝင်လာဖွယ်ရှိပါတယ်။ အဲဒီ mode ကို Realme 3 မှာ ထည့်သွင်းခဲ့ပါတယ်။

Realme X မှာ notch မပါဝင်တဲ့ ဒီဇိုင်းနဲ့ pop-up selfie ကင်မရာနဲ့ 16MP sensor တို့ပါဝင်လာဖွယ်ရှိပါတယ်။ Realme X ရဲ့မျက်နှာပြင် အရွယ်အစား ၆.၅ လက်မ FHD+ display နဲ့ ဘက်ထရီ 3,680 mAh ပါဝင်လာနိုင်တယ်လို့ TENAA စာရင်းအရ သိရပါတယ်။

Realme X မှာ Snapdragon 730 SoC နဲ့ VOOC 3.0 fast charging ထောက်ပံ့မှုတို့လည်း ပါဝင်လာသလို in-display fingerprint scanner လည်းပါဝင်ဖွယ်ရှိပါတယ်။

Ref: GSMArena