Realme Narzo 10 နဲ့ Narzo 10A ကို တရားဝင်မိတ်ဆက်

Realme ဟာ တတိယမြောက်မျိုးဆက် Narzo ကိုမိတ်ဆက်လိုက်ပါတယ်။ Narzo 10 နဲ့ Narzo 10A တို့ကို အွန်လိုင်းကနေ မိတ်ဆက်ခဲ့ပါတယ်။

Narzo 10 နဲ့ Narzo 10A တို့က ကင်မရာ ၃ လုံးပါဝင်တဲ့ Realme 6i နဲ့ Realme C3 တို့ကို အမည်ပြောင်းလဲထားတာ ဖြစ်ပါတယ်။

Realme Narzo 10 မှာ Helio G80 chipset နဲ့ RAM 4GB နဲ့ 128GB တို့ပါဝင်လာပါတယ်။ ဒါ့အပြင် မျက်နှာပြင်အရွယ်အစား ၆.၅ လက်မနဲ့ HD+ ရုပ်ထွက်အရည်အသွေး ရှိပါတယ်။ ရေစက်ပုံစံ notch ထဲမှာ 16MP ကိုထည့်သွင်းထားပြီး ကျောဘက်မှာ ကင်မရာ ၄ လုံးပါဝင်ကာ အဓိက ကင်မရာက 48MP ဖြစ်ပါတယ်။ Narzo 10 ဖုန်းမှာ ဘက်ထရီ 5,000mAh အထိ ပါဝင်ပြီး USB-C ကတစ်ဆင့်အားသွင်းနိုင်ကာ 18W အားသွင်းမြန်ဆန်စနစ် ပါဝင်လာပါတယ်။

Realme Narzo 10A ကတော့ ပိုမိုဈေးသက်သာတဲ့ ဖုန်းဖြစ်ပါတယ်။ ဖုန်းမှာ Helio G70 chipset ကို RAM 3GB နဲ့ RAM 32GB တို့နဲ့ တွဲဖက်ပေးထားပါတယ်။ မျက်နှာပြင်ကတော့ Narzo 10 နဲ့တူတယ်။ ကျောဘက်မှာ 12MP wide+ 2MP depth+ 2MP macro ကင်မရာ ပါဝင်လာပါတယ်။ ရှေ့ကင်မရာက 5MP f/2.4 ကင်မရာ ဖြစ်ပြီး ဘက်ထရီကတော့ 5,000mAh ဖြစ်ပါတယ်။ Narzo 10A မှာတော့ microUSB port ကိုအသုံးပြုထားပြီး 10W အားသွင်းစနစ်ပါဝင်လာပါတယ်။

အခြား feature တွေကတော့ ကျောဘက်မှာ fingerprint scanner ပါဝင်လာသလို FM radio နဲ့ storage လည်းတိုးချဲ့နိုင်ပါတယ်။ Narzo 10 နဲ့ Narzo 10A မှာ Android 10 နဲ့ Realme UI ပါဝင်လာပါတယ်။ Narzo 10 အဖြူနဲ့ အစိမ်းကို ၁၅၈ ဒေါ်လာနဲ့ မေ ၁၈ ရက်မှာ ရောင်းချပါမယ်။ Narzo 10A ကိုတော့ မေ ၂၂ ရက် မှာ ၁၁၂ ဒေါ်လာနဲ့ ရောင်းချသွားပါမယ်။

စိုးထက်
Ref: GSMArena

Viber မှာလည်း အင်တာနက်ဂျာနယ်က သတင်းတွေကို ဖတ်ရှုနိုင်တယ်နော် . . . ဒီ https://vb.me/internetjournalcommunity လင့်ခ်ကနေ ဝင်လိုက်ရုံပဲ. . .