Realme C12

Price – 179,900 Ks (3/32GB)

အားသာချက်

အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်၊ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် မြင့်မားမှုရှိတဲ့ ကင်မရာနဲ့ ရှင်းလင်းတဲ့ UI စနစ်တွေ ထောက်ပံ့ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပါ။

အားနည်းချက်

ပျှမ်းမျှစွမ်းဆောင်ရည်သာ ရှိပြီး fast charging စနစ်က ကြီးမားတဲ့ ဘက်ထရီစနစ်အတွက် ဒီထက် ပိုမြန်သင့်တာနဲ့ B&W ကင်မရာစနစ် အသုံးပြုရတာ စိတ်တိုင်းကျမှု မရှိတာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

  • MediaTek Helio G35 (12 nm) CPU
  • PowerVR GE8320 GPU
  • 3GB RAM
  • 32GB; microSD up to 256GB
  • Android 10, realme UI 1.0

ဘတ်ဂျက်ဖုန်းအမျိုးအစား ဖြစ်တဲ့ ဒီဖုန်းမှာ C11 မော်ဒယ်တုန်းက အသုံးပြုခဲ့တဲ့ အမြန်နှုန်း 2.3GHz ရှိတဲ့ MediaTek Helio G35 Ocat-core processor ကို ပြန်သုံးထားပြီး PowerVR GE8320 GPU စနစ်၊ RAM 3GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32GB ပါဝင်ပါတယ်။ microSD ကနေ သိုလှောင်မှုပမာဏကို 256GB အထိ တိုးမြှင့် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ GeekBen 5 (multi-core) ရမှတ် ၉၈၂၊ နဲ့ AnTuTu ရမှတ် ၁၀၆၈၂၉ ရှိပြီး ဘတ်ဂျက်ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ ပျှမ်းမျှစွမ်းဆောင်ရည်ရှိတယ်လို့ ဆိုရမှာဖြစ်ပေမယ့် apps သုံးလေးခုလောက် နောက်ကွယ်မှာ ဖွင့်ထားသုံးမယ်ဆိုရင်တော့ သုံးရတာ နှေးကွေးလေးလံတာကို ခံစားမိမှာပါ။ ဒီဖုန်းနဲ့ PUBG ကို Lowest အနိမ့်ဆုံး settings နဲ့ဆော့ကစားနိုင်ပေမယ့် touch ရဲ့ တုံ့ပြန်မှုပိုင်းကတော့ ဂိမ်းကစားဖို့အတွက် အရမ်းအဆင်ပြေတယ်လို့ မခံစားရပါဘူး။ ဖုန်းခေါ်ဆိုမှုအတွက် ကောင်းမွန်တဲ့ အသံစနစ်ရှိသလို ဖုန်းရဲ့ အောက်ဘက်ဘောင်ထဲက စပီကာအသံထွက်ပိုင်းကလည်း ဘတ်ဂျက်ဖုန်းတစ်လုံး အတွက် ကျယ်လောင်ကောင်းမွန်မှု ရှိပါတယ်။ C11 မော်ဒယ်တုန်းကတုန်းကလိုပဲ Android 10 အခြေခံ realme UI ကို အသုံးပြုထားပြီး ရှင်းလင်းသလို တုံ့ပြန်မှုပိုင်း မြန်ဆန်ပါတယ်။ တစ်ခုပြောစရာရှိတာက uninstalled လုပ်လို့မရတဲ့ bloatare တချို့ပါဝင်လာတာဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ လက်ဗွေစနစ်နဲ့ Face Unlock စနစ်တွေကလည်း ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် မြန်ဆန်မှုရှိတာ ကျေနပ်စရာပါ။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Mini-drop notch selfie camera
  • 6.5 inches, IPS LCD display
  • 19.5:9 aspect ratio
  • Fingerprint (rear-mounted)
  • 209g

Realme C12 က ဘတ်ဂျက်ဖုန်း သုံးချင်သူတွအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် သူ့ရဲ့ဒီဇိုင်းကတော့ နောက်ဆုံးပေါ် flagship မော်ဒယ်တွေရဲ့ ဒီဇိုင်းအသွင်အပြင် ရှိတယ်လို့ ဆိုရမှာပါ။ သူ့အရင်ထွက်ထားတဲ့ ဖုန်းတွေလိုမျိုးပဲ ကျောဘက် ပလတ်စတစ်ကိုယ်ထည်ပေါ်မှာ texture ဒီဇိုင်းတွေ ထည့်သွင်းထားပြီး ကျောဘက်ကင်မရာရဲ့ ထည့်သွင်းထားတဲ့ဒီဇိုင်းကလည်း flagship မော်ဒယ်ဒီဇိုင်း လေးထောင့်ကွက်ထဲမှာ ထည့်သွင်းထားတာ နှစ်သက်စရာပါ။ ရှေ့ဘက်ကင်မရာကိုတော့က Dewdrop notch ထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်တဲ့ Mini-drop notch ထဲမှာ တပ်ဆင်ထားပြီး ဖုန်းရဲ့ ညာဘက်ဘောင်ထဲက အသံအတိုးအကျယ် ခလုတ်အောက်ဘက်နားမှာ ပါဝါခလုတ်တွေ ထည့်သွင်းထားပါတယ်။ ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်နဲ့ အောက်ဘက်ဘောင်ထဲမှာ အားသွင်းပေါက်နဲ့ နားကြပ်ပေါက်တွေ ရှိပါတယ်။ လက်ဗွေစနစ်ကို ကျောဘက်ကင်မရာနားကပ်ပြီး ထည့်သွင်းထားပြီး 6000mAh ဘက်ထရီ အသုံးပြုထားတာဖြစ်လို့ လက်ထဲမှာကိုင်ရတာ အနည်းငယ် အလေးချိန်ရှိတယ်လို့ ခံစားရမှာဖြစ်ပါတယ်။

ဒီဖုန်းရဲ့ ၆.၅ လက်မရှိတဲ့ HD+ IPS LCD Display က ရုပ်ထွက်အရည်အသွေး 720×1560 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၃.၁ ရာခိုင်နှုန်း ရှိပြီး Screen ရဲ့ pixel densiy က 264 ppi ရှိပါတယ်။ ကာလာပိုင်းစိုပြည်မှု ရှိပေမယ် display ရဲ့တောက်ပမှုပိုင်းကတော့ နေရောင်အောက်မှာ အသုံးပြုတဲ့အခါမျိုးမှာ ကြည့်လို့ရရုံလောက်သာ ရှိမှာဖြစ်ပြီး ဘတ်ဂျက်ဖုန်းတစ်လုံးအတွက်ကတော့ လက်ခံနိုင်လောက်တဲ့ တောက်ပမှုလို့ ဆိုရမှာပါ။ ညပိုင်း ဖုန်းကြည့်မှုအတွက် မျက်စိထိခိုက်မှုကို လျှော့ချနိုင်မယ့် System-wide dark mode ထောက်ပံ့ပါဝင်တာ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် သဘောကျစရာပါ။

ကင်မရာ

  • Standard: 13MP (wide), f/2.2, PDAF
  • 2MP, f/2.4 (B/W)
  • 2MP, f/2.4 (macro)
  • Selfie : 5M, f/2.0 (wide)
  • Video : 1080p@30fps
  • LED flash, HDR, Panorama

Realme C12 ရဲ့ ကျောဘက်က 13MP အဓိက ကင်မရာမှာ PDAF နည်းပညာ ထောက်ပံ့ပါဝင်ပြီး C11 မော်ဒယ်တုန်းက 2MP depth ကင်မရာနေရာမှာ B&W sensor ကို ပြောင်းလဲ အသုံးပြုထားပြီး နောက်ထပ် သုံးလုံးမြောက်ကင်မရာကတော့ focal length 4cm အထိ ထောက်ပံ့နိုင်တဲ့ macro ကင်မရာဖြစ်ပါတယ်။ သဘာဝကျတဲ့ ရုပ်ထွက်ကာလာရှိတဲ့ ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို 4X zoom လုပ်ဆောင်ချက်ကလည်း ဘတ်ဂျက်ဖုန်းအတွက် ကျေနပ်စရာ ရုပ်ထွက်အရည်အသွေး ရှိပါတယ်။ B&W ကင်မရာက အဖြူအမည်း ဓာတ်ပုံနဲ့ Portrait ရိုက်ကူးမှုအတွက် အသုံးပြုနိုင်သလို focal length အသေ 4cm macro ကင်မရာမှာ auto-focus နည်းပညာ ထောက်ပံ့ပါဝင်မှု မရှိပေမယ့် realme က ကြော်ငြာခဲ့သလိုပဲ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကောင်းမွန်မှုရှိတယ်လို့ ဆိုရမှာပါ။ ကင်မရာစနစ်မှာ Night Mode စနစ်ပါဝင်ပြီး ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကျေနပ်စရာပါ။
ရှေ့ဘက် 5MP AI selfie ကင်မရာက ကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ရှေ့နောက်ကင်မရာတွေနဲ့ 1080p အရည်အသွေးဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

  • Li-Po 6000mAh
  • 10W Fast Charging
  • microUSB 2.0, USB On-The-Go

ဒီဖုန်းမှာ 6000mAh ပမာဏ ကြီးမားတဲ့ ဘက်ထရီကို အသုံးပြုထားပြီး အားသွင်းစနစ်က microUSB အမျိုးအစား ဖြစ်ပါတယ်။ 10W အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထောက်ပံ့ပါဝင်ပြီး ဖုန်းပြောတာကို ၄၆ နာရီ၊ Spotify နဲ့ သီချင်းနားထောင်တာကို နာရီ ၆၀၊ PUBG ကစားတာကို ၁၀ နာရီနဲ့ YouTube သုံးတာကို ၂၈ နာရီခန့် သုံးနိုင်တာက နေ့စဉ် ဖုန်းအသုံးပြုမှုအတွက် လုံလောက်တာထက် ပိုတယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ သူ့မှာပါတဲ့ 10W fast charging စနစ်ကတော့ ၀-၁၀၀ ရာခိုင်နှုန်း အားအပြည့်သွင်းဖို့ဆို ၃ နာရီ၀န်းကျင်လောက် သွင်းရမှာပါ။

သုံးသပ်ချက်

Realme C12 က ကျပ်နှစ်သိန်းအောက် ဘတ်ဂျက်ဖုန်းထဲမှာတော့ ကင်မရာသုံးလုံး ပါဝင်ပြီး ဒီဇိုင်းလှပသလို့ ဘက်ထရီစွမ်းဆောင်ရည်ပိုင်း မြင့်မားမှုရှိတဲ့ ဖုန်းတစ်လုံးပါ။ နေ့စဉ် လုပ်ငန်းဆောင်တာတွေအတွက် အဆင်ပြေကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပေမယ့် စွမ်းဆောင်ရည်ပိုင်း ဒီထက် ပိုကောင်းမယ်ဆိုရင်တော့ ပြိုင်ဘက် မော်ဒယ်တွေထက် ဒီဖုန်းကို ပိုပြီး ထောက်ခံအားပေးရမှာပါ။ ဘာလို့လဲဆိုတော့ သူ့ထက် စွမ်းဆောင်ရည်ပိုင်းနဲ့ ဂရပ်ဖစ်ပိုင်း ပိုကောင်းပြီး Helio G80 chipset သုံးထားတဲ့ redmi 9 Prime ရဲ့ဈေးက သူနဲ့သိပ်မကွာလို့ပါ။ မိမိက ဂိမ်းသိပ်ဆော့တဲ့သူ မဟုတ်သလို ဖုန်းနဲ့ ဂရပ်ဖစ်ဂိမ်းတွေကစားတာမျိုး သိပ်မရှိရင် ဒါမှမဟုတ် performance ပိုင်း သိပ်မမြင့်ပေမယ့် ဒီဇိုင်းလှပပြီး အမုန်းသုံးနိုင်တဲ့ ဘက်ထရီစနစ် ပါတာမျိုးကို သဘောကျတယ်ဆိုရင်တော့ realme C12 က ဘတ်ဂျက်ဖုန်း အမျိုးအစားထဲမှာ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလို့ သုံးသပ်ရမှာပါ။

Display
Performance
Camera
Battery
Hand on
Over all

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««