realme Buds Air Neo, realme Band နှင့် realme Watch တို့ကို ပြည်တွင်းစျေးကွက်သို့ မိတ်ဆက်

realme Myanmar က မြန်မာနိုင်ငံအတွက် ပထမဆုံး AIoT Solution အဖြစ် realme Buds Air Neo, realme Band နဲ့ realme Watch တို့ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။

realme Buds Air Neo ကို တန်ဖိုး ၄၉,၉ဝဝ ကျပ်၊ realme Band ကို တန်ဖိုး ၂၉,၉ဝဝ ကျပ်နဲ့ realme Watch ကို တန်ဖိုး ၇၉,၉ဝဝ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ realme Buds Air Neo ကို အဖြူရောင်၊ realme Watch ကို အနက်ရောင်လက်ပတ်ကြိုးကို Standard အဖြစ် ဝယ်ယူနိုင်ပြီး သီးသန့်ကြိုးအပိုအဖြစ် အနီရောင်၊ အပြာရောင်နှင့် စစ်စိမ်းရောင် ၃ မျိုးကို တစ်ကြိုး ၁ဝ,ဝဝဝ ကျပ်နှုန်းဖြင့် ဇွန် ၂၇ ရက်မှစတင်ကာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ realme Band အတွက် အနက်ရောင်နဲ့ စစ်စိမ်းရောင် လက်ပတ်ကြိုးကို ရွေးချယ်နိုင်မှာဖြစ်ပြီး ဇူလိုင်လဆန်းပိုင်းမှာ ရောင်းချပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

realme Buds Air Neo မှာ အသံထွက်ကောင်းမွန်စေဖို့ 13mm Dynamic Base Boost Driver ကို အသုံးပြုပေးထားတဲ့အတွက် ကောင်းမွန်တဲ့ အသံအရည်အသွေးကို ရရှိစေမယ့်အပြင် ဂိမ်းကစားရာမှာ အဓိကကျတဲ့ Super Low Latency စနစ်ကြောင့် အသံနဲ့ ရုပ်ထပ်တူကျမှုကို အကောင်းဆုံးခံစားရစေမယ်လို့ သိရပါတယ်။ Charging Port မှာထည့်သွင်းအသုံးပြုပါက ၁၇ နာရီအထိ battery သက်တမ်းရရှိစေပြီး Single Playback အတွက် အသံအတိုးအကျယ်ပေါ်မူတည်ကာ ၂ နာရီမှ ၃ နာရီအထိ battery သက်တမ်းကို ရရှိစေမှာဖြစ်ပါတယ်။ အားသွင်းပေါက်ကို micro USB နဲ့ ပြောင်းလဲ အသုံးပြုပေးထားပြီး Build Quality အတွက် ယခင် Buds Air အတိုင်း ဖန်တီးထုတ်လုပ်ပေးထားတယ်လို့ သိရပါတယ်။

realme Band မှာတော့ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလိုက်စားသူတွေအတွက် အထူးကိုက်ညီမှုရှိပြီး ၂၄ နာရီ၊ ၇ ရက်ပတ်လုံး စောင့်ကြည့်တိုင်းတာပေးမယ့် real-time Heart Rate Sensor ကြောင့် မိမိနှလုံးခုန်မှုကို ကောင်းမွန်စွာ စောင့်ကြည့်တိုင်းတာနိုင််မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အားကစားလှုပ်ရှားမှုတွေအတွက် မတူညီတဲ့ အားကကစားလှုပ်ရှားမှု ၉ မျိုးအထိ ရယူအသုံးပြုနိုင်သလို ရေသောက်နည်းခြင်း၊ အထိုင်များခြင်း တို့အတွက်လည်း စောင့်ကြည့် သတိပေးမှုစနစ်များ ပါဝင်တယ်လို့ သိရပါတယ်။ မျက်နှာပြင်မှာ 2.4 cm အထိ ကျယ်ပြန့်ပြီး One Touch စနစ်ဖြင့် လွယ်ကူရိုးရှင်းစွာ ထိန်းချုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင် Dial Plate ၅ မျိုး တစ်ပါတည်းပါဝင်ပြီး နောက်ပိုင်းတွင် ပိုမိုဆန်းသစ်တဲ့ Dial Plate တွေကို OTA မှတစ်ဆင့် Update လုပ် ထပ်တိုးပေးသွာမယ်လို့ သိရပါတယ်။

realme Watch မှာ ပိုကောင်းတဲ့ ကျန်းမာရေးဆိုင်ရာ တိုင်းထွာမှုစနစ်တွေနဲ့အတူ ပိုမို များပြားတဲ့ အားကစားလှုပ်ရှားမှု ၁၄ မျိုးအထိ ရယူအသုံးပြုနိုင်မှာဖြစ်ပြီး Corning Gorilla Glass 3 နဲ့ ဖုန်းအုပ်ပေးထားတဲ့ 1.4-inch မျက်နှာပြင်က Day Time အချိန်တွင်ပါ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ပြသပေးနိုင်မှာဖြစ်ပါတယ်။ ၂၄ နာရီ၊ ၇ ရက်ပတ်လုံး စောင့်ကြည့်တိုင်းတာပေးမယ့် real-time Heart Rate Sensor အပြင် သွေးအတွင်းမှ အောက်ဆီဂျင်ပမာဏကိုပါ တိုင်းထွာပေးမယ့် SpO2 sensor ကိုပါ တိုးမြှင့်အသုံးပြုပေးထားတယ်လို့ သိရပါတယ်။ Watch မှတစ်ဆင့် သီချင်းဖွင့်ခြင်း၊ ပိတ်ခြင်း၊ အသံအတိုးအကျယ်တို့အပြင် ဓာတ်ပုံရိုက်ကူးမှုတွေကိုပါ One Touch အဖြစ် ထိန်းချုပ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Sleep Monitor စနစ်က မိမိရဲ့ အိပ်စက်မှုပုံစံတွေကို သေချာကျနစွာ မှတ်သားစောင့်ကြည့်ပေးမှာဖြစ်ပြီး မည်သည့်အချိန်မှ မည်သည့်အချိန်အထိ အိပ်စက်ခဲ့သလဲ၊ အိပ်ပျော်ရန်ကြိုးစားတဲ့ ကြာချိန်၊ စတင်အိပ်ပျော်ချိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အချိန်၊ ကြားတွင် အိပ်မပျော်ဘဲ နိုးနေတဲ့အချိန် စတာတွေကို ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ နာရီမျက်နှာပြင်ဒီဇိုင်းအတွက် ကနဦးမှာ ၁၂ မျိုးအထိ အသုံးပြုနိုင်ပြီး realme Link app ကိုအသုံးပြု၍ ၆ မျိုးစီ ရွေးချယ်ကာ realme Watch မှတစ်ဆင့် အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းတွင်လည်း OTA Update မှတစ်ဆင့် နာရီမျက်နှာပြင်ဒီဇိုင်းပေါင်း ၁ဝဝ ကျော်ကိုလည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ Battery သက်တမ်းမှာ မိမိအသုံးပြုမှုအပေါ် မူတည်ကာ ၅ ရက်မှ ၆ ရက်အထိ ကြာရှည်ခံစေမှာဖြစ်ကြောင်း realme AIoT ထုတ်ကုန်တွေအတွက် realme Link App ကို Google Play မှ ရယူကာ မိမိ၏ Android ဖုန်းတွေနဲ့ လွယ်ကူရိုးရှင်းစွာ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ