Realme Buds Air ဈေးနှုန်း အွန်လိုင်းမှာ ထွက်ပေါ်လာ

Realme ဟာ ဒီဇင်ဘာ ၁၇ ရက်မှာ ကုမ္ပဏီရဲ့ ပထမဆုံးကြိုးမဲ့နားကြပ် Buds Air ကိုမိတ်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ Realme က Buds Air အရောင်နဲ့ feature တွေကိုမိတ်ဆက်ထားတဲ့အပြင် ဈေးနှုန်းကိုလည်း ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ Realmi Buds Air ဈေးနှုန်းကို Flipkart ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး ရူပီး ၄,၉၉၉ (ဒေါ်လာ ၇၀) နဲ့ရောင်းချမယ်လို့ သိရပါတယ်။

Bud Air ကို USB-C port ကနေအားသွင်းနိုင်မယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အခုအခါမှာတော့ Buds Air ဈေးနှုန်းနဲ့ အရောင်အမျိုးအမျိုး ဖော်ပြမှုကို Flipkart ကဖြုတ်ချလိုက်ပါတယ်။ Buds Air မှာ 12mm bass boost driver ပါဝင်ပြီး အနက်၊ အဖြူနဲ့ အဝါ အရောင်သုံးမျိုး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Bluetooth 5.0 ပါဝင်ပြီး နားကြပ်ကို case ထဲကထုတ်လုပ်တာနဲ့ ထုတ်ကုန်နဲ့ အလိုအလျောက် ချိတ်ဆက်ပေးပါတယ်။

Buds Air မှာ Google Assistant ပါဝင်ပြီး ဂီတနဲ့ ဖုန်းခေါ်ဆိုစီမံရေးအတွက် touch control ထောက်ပံ့မှုလည်း ပါဝင်လာပါတယ်။

စိုးထက်
Ref: GSMArena