
[ Zawgyi ]
Expand your perspective and see it all with the Ultra Wide Angle lens on #realme5series.
Get ready to #JoinTheReal5quad and watch the launch live at 12:30 PM, 20th August. #LeapToQuadCamera
Know more: https://t.co/IczXkhy4lB pic.twitter.com/VhsbMTnxIy— realme (@realmemobiles) August 14, 2019
စိုးထက်
Ref: GSMArena
[ Unicode ]
Realme 5 နဲ့ 5 Pro ကို သြဂုတ် ၂၀ ရက်မှာ ထုတ်ဖော်မိတ်ဆက်မှာဖြစ်ပေမယ့် အသေးစိတ်အချက်အလက် တချို့ကတော့ ထွက်ပေါ်လာပါပြီ။ Realme 5 နဲ့ 5 Pro မှာကင်မရာ ၄ လုံးပါဝင်ပြီး ultrawide angle, super macro နဲ့ prtrait module တွေပါဝင်လာပါတယ်။ Realme 5 Pro မှာ အဓိက sensor အဖြစ် 48MP Sony IMX586 ပါဝင်လာတယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။
Realme 5 နဲ့ 5 Pro ဒီဇိုင်းကို အိန္ဒိယ e-commerce ကုမ္ပဏီ Flipkart က စာမျက်နှာတစ်ခုနဲ့ ဖော်ပြခဲ့ပါတယ်။ စမတ်ဖုန်း ၂ မျိုးစလုံးမှာ စိန်ပွင့်ပုံစံဒီဇိုင်းကို အသုံးပြုထားပါတယ်။
ဒါ့အပြင် Realme က Realme 5 Pro မှာ ရေစက်ပုံစံ notch ပါဝင်လာမယ့်အကြောင်း ဗီဒီယိုတစ်ခုကို Twitter နဲ့ ဝေမျှခဲ့ပါတယ်။ Realme 5 Pro မှာ ရေစက်ပုံစံ display အပြင် ဘေးဘောင်သေးငယ်ပြီး ဖုန်းအောက်ပိုင်းလည်း ထူထဲပါတယ်။
Realme 5 ရဲ့အဓိက ကင်မရာမှာ f/1.8 lens ပါဝင်လာပြီး Qualcomm ချစ်ပ်အသုံးပြုထားပါတယ်။ Geekbench စာရင်းအရ Snapdragon 665 အသုံးပြုထားပြီး ဘက်ထရီကတော့ 5,000mAh ဖြစ်ပါတယ်။
Qualcomm chipset အသုံးပြုထားတဲ့အတွက် နာရီဝက်အတွင်း ဘက်ထရီ ၅၅ ရာခိုင်နှုန်း အထိ အားသွင်းပေးနိုင်တဲ့ VOOC Flash Charge 3.0 ထောက်ပံ့မှု ပါဝင်လာပါတယ်။
Ref: GSMArena