Realme 5 ႏွင့္ Realme 5 Pro တို႔တြင္ chipset သစ္ႏွင့္ ကင္မရာ ၄ လုံးပါဝင္လာ

[ Zawgyi ]

Realme 5 နဲ႔ Realme 5 Pro ကုိ တရားဝင္ထုတ္ေဖာ္ မိတ္ဆက္လိုက္ပါတယ္။ Realme 5 နဲ႔ Realme 5 Pro မွာ စြမ္းေဆာင္ရည္ျမင့္ chipset ေတြနဲ႔ ႀကီးမားတဲ့ ဘက္ထရီေတြအျပင္ ကင္မရာ ၄ လုံးနဲ႔ feature သစ္ေတြလည္း ပါဝင္လာပါတယ္။

Realme 5

ေဈးႏႈန္းသက္သာတဲ့ Realme 5 မွာ ၆.၅ လက္မ display HD+ ၊႐ုပ္ထြက္အရည္အေသြး (720 x 1600 pixels) နဲ႔ျဖစ္ၿပီး ဖုန္းအခ်ိဳးအစားက 20:9 ရွိပါတယ္။ Realme 5 ကို Snapdragon 665 ေထာက္ပံ့ထားၿပီး 11nm chipset အသုံးျပဳထားတဲ့ ဒုတိယေျမာက္စမတ္ဖုန္း ျဖစ္လာပါတယ္။ ေနာက္စမတ္ဖုန္းတစ္လုံးကေတာ့ Xiaomi Mi A3 ျဖစ္ၿပီး ေဈးကြက္ကို မၾကာခင္ျဖန္႔ခ်ိမွာ ျဖစ္ပါတယ္။ Realme 5 ကုိ ေမာ္ဒယ္ ၃ မ်ိဳး ထုတ္လုပ္ထားၿပီး အဲဒါေတြကေတာ့ 3/32GB, 4/64GB, 4/128GB တို႔ပဲျဖစ္ပါတယ္။

Realme 5 ရဲ႕ SIM ကတ္ထည့္တဲ့ေနရာမွာ microSD အေပၚက သီးသန္႔တစ္ခုကုိ ထည့္သြင္းေပးထားပါတယ္။ ဒါေၾကာင့္ သုံးစြဲသူက storage အပို 256GB နဲ႔ dual VoLTE အေတြ႕အႀကံဳကုိ ရရွိႏိုင္ပါတယ္။ Realme 5 ဟာ ေက်ာဘက္မွာ ကင္မရာ ၄ လုံးပါဝင္တဲ့ ကုမၸဏီရဲ႕ပထမဆုံးဖုန္း ျဖစ္လာပါတယ္။ ကင္မရာေတြကေတာ့ အဓိက ကင္မရာက 12MP f/1.8 aperture , ultrawide angel module နဲ႔အတူ ၁၁၉ ဒီဂရီ FoV နဲ႔ 8MP sensor တို႔ ပါဝင္လာပါတယ္။ ေနာက္ဆုံး ကင္မရာ ၂ လုံးကေတာ့ 2MP macro နဲ႔အတူ 4cm focus အကြာအေဝးနဲ႔ depth sensor တုိ႔ပါဝင္လာပါတယ္။

ေရွ႕ကင္မရာကို ေရစက္ပုံစံ notch ထဲမွာထည့္သြင္းထားၿပီး 13MP ျဖစ္ပါတယ္။ Realme 5 မွာေတာ့ 5,000mAh ဘက္ထရီပါဝင္တဲ့အတြက္ အေလးခ်ိန္ကေတာ့ ၂၁၀ ဂရမ္ ရွိပါတယ္။

ဖုန္းမွာ microUSB port အသုံးျပဳထားၿပီး အားသြင္းျမန္ဆန္တဲ့စနစ္ မပါဝင္ဘဲ 10W ပဲအသုံးျပဳႏိုင္ပါတယ္။

အေရာင္ေတြကေတာ့ အျပာနဲ႔ ခရမ္းထုတ္လုပ္ထားၿပီး Realme 5 ကုိ အိႏၵိယ႐ူပီး ၉,၉၉၉ နဲ႔ ၾသဂုတ္ ၂၇ ရက္ မွာ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။

Realme 5 Pro

Realme 5 Pro ကေတာ့ Realme 5 ထက္ေသးငယ္ေပမယ့္ စြမ္းေဆာင္ရည္ပုိေကာင္းပါတယ္။ Realme ဖုန္းေတြရဲ႕ ဗနီလာနဲ႔ Pro ဗားရွင္းေတြက ပုံစံနဲ႔ အရြယ္အစားက ဆင္တူပါတယ္။

Realme 5 Pro ကေတာ့ Realme 5 ထက္ screen ေသးငယ္ၿပီး ၁၅ ရာခုိင္ႏႈန္း ေပါ့ပါးပါတယ္။

ကြာျခားခ်က္ကေတာ့ Realme 5 Pro မွာ ၆.၃ လက္မ display နဲ႔အတူ 19.5:9 aspect နဲ႔ Full HD+ ႐ုပ္ထြက္အရည္အေသြးျဖစ္ကာ ဘက္ထရီကေတာ့ 4,035 mAh ျဖစ္ပါတယ္။

RAM နဲ႔ storage ကိုလည္း အဆင့္ျမႇင့္တင္ထားၿပီး 6/64GB နဲ႔ 8/128GB အသီးသီး ေရာင္းခ်မွာျဖစ္ပါတယ္။

Realme 5 Pro မွာ Snapdragon 712 chipset နဲ႔အတူ GPU ကုိအဆင့္ျမႇင့္တင္ထားပါတယ္။

Realme 5 ေမာ္ဒယ္ေတြမွာ ကင္မရာ ၄ လုံးပါဝင္ၿပီး Realme 5 Pro မွာေတာ့ အဓိကကင္မရာက 48MP Sony IMX586 ျဖစ္ကာ 12MP ဓာတ္ပုံေတြကုိ ႐ိုက္ကူူးႏိုင္ပါတယ္။

ေရွ႕ကင္မရာမွာေတာ့ 16MP နဲ႔အတူ f/2.0 aperture ပါဝင္လာပါတယ္။

 

ဘက္ထရီမွာ VOOC 3.0 20W အားသြင္းျမန္ဆန္တဲ့ေထာက္ပံ့မႈပါဝင္ၿပီး USB-C port ကုိအသုံးျပဳထားပါတယ္။ ဒါ့အျပင္ AI Freezer လုပ္ေဆာင္ခ်က္က သုံးစြဲသူ အမူအက်င့္ေတြကုိ သင္ယူၿပီး စြမ္းအင္ေခၽြတာဖို႔ ေနာက္ကြယ္က app ေတြကုိ ခ်ိန္ညိႇေပးႏိုင္ပါတယ္။

Realme 5 Pro ကုိ အျပာနဲ႔ အစိမ္းထုတ္လုပ္ထားၿပီး ၁၉၅ ေဒၚလာနဲ႔ စက္တင္ဘာ ၄ ရက္မွာ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Realme 5 နဲ့ Realme 5 Pro ကို တရားဝင်ထုတ်ဖော် မိတ်ဆက်လိုက်ပါတယ်။ Realme 5 နဲ့ Realme 5 Pro မှာ စွမ်းဆောင်ရည်မြင့် chipset တွေနဲ့ ကြီးမားတဲ့ ဘက်ထရီတွေအပြင် ကင်မရာ ၄ လုံးနဲ့ feature သစ်တွေလည်း ပါဝင်လာပါတယ်။

Realme 5
ဈေးနှုန်းသက်သာတဲ့ Realme 5 မှာ ၆.၅ လက်မ display HD+ ၊ရုပ်ထွက်အရည်အသွေး (720 x 1600 pixels) နဲ့ဖြစ်ပြီး ဖုန်းအချိုးအစားက 20:9 ရှိပါတယ်။ Realme 5 ကို Snapdragon 665 ထောက်ပံ့ထားပြီး 11nm chipset အသုံးပြုထားတဲ့ ဒုတိယမြောက်စမတ်ဖုန်း ဖြစ်လာပါတယ်။ နောက်စမတ်ဖုန်းတစ်လုံးကတော့ Xiaomi Mi A3 ဖြစ်ပြီး ဈေးကွက်ကို မကြာခင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ Realme 5 ကို မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပြီး အဲဒါတွေကတော့ 3/32GB, 4/64GB, 4/128GB တို့ပဲဖြစ်ပါတယ်။

Realme 5 ရဲ့ SIM ကတ်ထည့်တဲ့နေရာမှာ microSD အပေါ်က သီးသန့်တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် သုံးစွဲသူက storage အပို 256GB နဲ့ dual VoLTE အတွေ့အကြုံကို ရရှိနိုင်ပါတယ်။ Realme 5 ဟာ ကျောဘက်မှာ ကင်မရာ ၄ လုံးပါဝင်တဲ့ ကုမ္ပဏီရဲ့ပထမဆုံးဖုန်း ဖြစ်လာပါတယ်။ ကင်မရာတွေကတော့ အဓိက ကင်မရာက 12MP f/1.8 aperture , ultrawide angel module နဲ့အတူ ၁၁၉ ဒီဂရီ FoV နဲ့ 8MP sensor တို့ ပါဝင်လာပါတယ်။ နောက်ဆုံး ကင်မရာ ၂ လုံးကတော့ 2MP macro နဲ့အတူ 4cm focus အကွာအဝေးနဲ့ depth sensor တို့ပါဝင်လာပါတယ်။

ရှေ့ကင်မရာကို ရေစက်ပုံစံ notch ထဲမှာထည့်သွင်းထားပြီး 13MP ဖြစ်ပါတယ်။ Realme 5 မှာတော့ 5,000mAh ဘက်ထရီပါဝင်တဲ့အတွက် အလေးချိန်ကတော့ ၂၁၀ ဂရမ် ရှိပါတယ်။

ဖုန်းမှာ microUSB port အသုံးပြုထားပြီး အားသွင်းမြန်ဆန်တဲ့စနစ် မပါဝင်ဘဲ 10W ပဲအသုံးပြုနိုင်ပါတယ်။

အရောင်တွေကတော့ အပြာနဲ့ ခရမ်းထုတ်လုပ်ထားပြီး Realme 5 ကို အိန္ဒိယရူပီး ၉,၉၉၉ နဲ့ သြဂုတ် ၂၇ ရက် မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Realme 5 Pro

Realme 5 Pro ကတော့ Realme 5 ထက်သေးငယ်ပေမယ့် စွမ်းဆောင်ရည်ပိုကောင်းပါတယ်။ Realme ဖုန်းတွေရဲ့ ဗနီလာနဲ့ Pro ဗားရှင်းတွေက ပုံစံနဲ့ အရွယ်အစားက ဆင်တူပါတယ်။

Realme 5 Pro ကတော့ Realme 5 ထက် screen သေးငယ်ပြီး ၁၅ ရာခိုင်နှုန်း ပေါ့ပါးပါတယ်။

ကွာခြားချက်ကတော့ Realme 5 Pro မှာ ၆.၃ လက်မ display နဲ့အတူ 19.5:9 aspect နဲ့ Full HD+ ရုပ်ထွက်အရည်အသွေးဖြစ်ကာ ဘက်ထရီကတော့ 4,035 mAh ဖြစ်ပါတယ်။

RAM နဲ့ storage ကိုလည်း အဆင့်မြှင့်တင်ထားပြီး 6/64GB နဲ့ 8/128GB အသီးသီး ရောင်းချမှာဖြစ်ပါတယ်။

Realme 5 Pro မှာ Snapdragon 712 chipset နဲ့အတူ GPU ကိုအဆင့်မြှင့်တင်ထားပါတယ်။

Realme 5 မော်ဒယ်တွေမှာ ကင်မရာ ၄ လုံးပါဝင်ပြီး Realme 5 Pro မှာတော့ အဓိကကင်မရာက 48MP Sony IMX586 ဖြစ်ကာ 12MP ဓာတ်ပုံတွေကို ရိုက်ကူူးနိုင်ပါတယ်။

ရှေ့ကင်မရာမှာတော့ 16MP နဲ့အတူ f/2.0 aperture ပါဝင်လာပါတယ်။

ဘက်ထရီမှာ VOOC 3.0 20W အားသွင်းမြန်ဆန်တဲ့ထောက်ပံ့မှုပါဝင်ပြီး USB-C port ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် AI Freezer လုပ်ဆောင်ချက်က သုံးစွဲသူ အမူအကျင့်တွေကို သင်ယူပြီး စွမ်းအင်ချွေတာဖို့ နောက်ကွယ်က app တွေကို ချိန်ညှိပေးနိုင်ပါတယ်။

Realme 5 Pro ကို အပြာနဲ့ အစိမ်းထုတ်လုပ်ထားပြီး ၁၉၅ ဒေါ်လာနဲ့ စက်တင်ဘာ ၄ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Ref: GSMArena