Realme 5 ရဲ့ ကင်မရာ ၄ လုံးနဲ့ ရိုက်ကူးထားတဲ့ နမူနာဓာတ်ပုံထွက်ပေါ်လာ

[ Zawgyi ]




စိုးထက်
Ref: GSMArena

[ Unicode ]

Realme ဟာ အသစ်ထွက်ရှိမယ့် Realme 5 စမတ်ဖုန်းရဲ့အရေးအပါဆုံး feature ဖြစ်တဲ့ ကင်မရာ ၄ လုံးအကြောင်း အသေးစိတ် အချက်အလက် ထွက်ပေါ်ခဲ့ပါတယ်။ အခုဆိုရင် Realme 5 ကင်မရာ 64MP နဲ့ရိုက်ကူးထားတဲ့ နမူနာပုံတွေကို ကုမ္ပဏီက ဝေမျှခဲ့ပါတယ်။

အခုကင်မရာက အဓိက 64MP ကင်မရာမှာ Tetracell နည်းပညာနဲ့အတူ native pixel binning ကို ထောက်ပံ့ထားပါတယ်။ ပုံမှန်အတိုင်းဆို ဓာတ်ပုံတွေက 16MP ရုပ်ထွက်အရည်အသွေးနဲ့ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ Realme 5 ရဲ့ 64MP ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံရဲ့ Dynamic ကအလွန်ကောင်းမွန်ပါတယ်။ ကင်မရာရဲ့ sensor အကြီးစားက တိမ်တွေကို အသေးစိတ်အောင် ဖော်ပြပေးနိုင်ပါတယ်။

Realme 5 ရဲ့ 64MP ကင်မရာနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဒီလင့် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် Realme က macro lens နဲ့ ၁၁၉ ဒီဂရီ ultra-wide ကင်မရာကို ပြသတဲ့အနေနဲ့ ချုံ့ထားတဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။