Realme ရဲ့ Narzo စီးရီးဖုန်းများ

Realme ဟာ မေလမှာ Narzo ဖုန်းသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ Narzo 20A, Narzo 20 နဲ့ Narzo 20 Pro ဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။

Realme Narzo 20a

Realme Narzo 20A ဟာ ဈေးသက်သာပါတယ်။ မျက်နှာပြင်အရွယ်အစားက ၆.၅ လက်မ ရှိပြီး ရေစက်ပုံစံ notch နဲ့ HD+ မျက်နှာပြင်ပါဝင်ကာ Snapdragon 665 chipset အသုံးပြုထားပါတယ်။

ကျောဘက်မှာ 12MP F/1.88 အဓိက ကင်မရာ 2MP အဖြူအမည်း lens နဲ့ 2MP “Retro Lens” တို့ပါဝင်လာပြီး ကင်မရာ app ထဲမှာ Portrait mode တွေလည်းပါဝင်လာပါတယ်။

Narzo 20A မှာတော့ ဘက်ထရီ 5,000mAh ပါဝင်လာပါတယ်။ SIM ကတ် ၂ မျိုးအသုံးပြုနိုင်သလို microSD လည်းထည့်သွင်းနိုင်ပါတယ်။ Realme Narzo 20A ကိုတော့ အပြာနဲ့ ငွေရောင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး 3/32GB နဲ့ 4/64GB ဗားရှင်း ၂ မျိုး ထွက်လာပါမယ်။ ဈေးနှုန်းကတော့ ၁၁၅ ဒေါ်လာနဲ့ ဒေါ်လာ ၁၃၀ ကျသင့်ပါမယ်။ ဖုန်းကိုတော့ စက်တင်ဘာ ၃၀ ရက်မှာ စတင်ရောင်းချသွားပါမယ်။

Realme Narzo 20

Narzo 20 မှာတော့ မျက်နှာပြင် ၆.၅ လက်မ HD မျက်နှာပြင်နဲ့အတူ ရေစက်ပုံစံ notch ထဲမှာ 8MP ကင်မရာနဲ့ 20:9 ratio ကို အသုံးပြုထားပါတယ်။

Narzo 20 အတွက် Helio G85 chipset ကို RAM 4GB နဲ့အသုံးပြုထားပါတယ်။ ဒါ့အပြင် Storage 64GB ဒါမှမဟုတ် 128GB ရှိပြီး microSD ကတ် ထပ်ထည့်လို့ရပါတယ်။

ဖုန်းရဲ့ကျောဘက် စတုရန်းထဲမှာ အဓိက ကင်မရာ 48MP ၊ ၁၁၉ ဒီဂရီ FoV ပါဝင်တဲ့ 8MP ultra-wide-angle ကင်မရာနဲ့ ၄ စင်တီမီတာအကွာကနေ ရိုက်နိုင်တဲ့ 2MP macro lens ပါဝင်လာပါတယ်။ LED flash လည်း ပါဝင်လာပါတယ်။

Realme Narzo 20 မှာ အားပြန်သွင်းပေးနိုင်တဲ့ reverse ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပြီး 18W အားသွင်းမြန်ဆန်စနစ်နဲ့ ဘက်ထရီ 6,000mAh ပါဝင်လာပါတယ်။ Narzo 20 ကိုတော့ စက်တင်ဘာ ၂၈ ရက်မှာ စတင်ရောင်းချပါမယ်။

ဈေးနှုန်းကတော့ ၁၄၅ ဒေါ်လာနဲ့ ၁၅၅ ဒေါ်လာ ကျသင့်ပါမယ်။

Realme Narzo 20 Pro

Realme Narzo 20 Pro မှာ Helio G95 chipset နဲ့ 65W SuperDart အားသွင်းစနစ်ပါဝင်လာပါတယ်။ RAM 6GB ဒါမှမဟုတ် 8GB ကိုရွေးနိုင်သလို storage 64GB နဲ့ 128GB တို့ကို ထုတ်လုပ်ထားပါတယ်။

မျက်နှာပြင်ကတော့ ၆.၅ လက်မ LCD ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး Full HD+ နဲ့ 90Hz refresh rate ပါဝင်လာပါတယ်။ ဖုန်းရဲ့ဘယ်ဘက်မှာ Sony IMX471 sensor နဲ့အတူ 16MP ကိုထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာကတော့ 48MP+ 8MP ultra-wide-angle+ 2MP B&W+ 2MP macro တို့ပါဝင်လာပါတယ်။ ဒါ့အပြင် LED flash တစ်ခုလည်း ပါဝင်လာတယ်။

Real Narzo 20 Pro

ဘက်ထရီပမာဏကတော့ 4,500mAh ရှိပါတယ်။ Narzo 20 Pro ရဲ့ 6/64GB ကတော့ ၂၀၅ ဒေါ်လာကျသင့်ပြီး 8/128GB ကတော့ ဒေါ်လာ ၂၃၀ ကျသင့်ပါမယ်။ စက်တင်ဘာ ၂၅ ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena