Realme က 6,000mAh ဘက်ထရီထုတ်လုပ်ဖို့ ထောက်ခံချက်ရရှိ

Realme ဟာ Realme 6i မှာ ဘက်ထရီ 5,00mAh အထိ ထည့်သွင်းပြီး ဘက်ထရီပမာဏ အမြင့်ဆုံးရရှိအောင် ဆောင်ရွက်ထားနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ Realme ဟာ ဘက်ထရီသက်တမ်းကို ထပ်မံတိုးမြှင့်လိုက်ဖွယ်ရှိပါတယ်။ Realme ဟာ ဘက်ထရီ 6,000mAh ပမာဏရှိတဲ့ ဘက်ထရီ BLP793 ကို TUV ထောက်ခံချက်ရရှိအောင် တင်ခဲ့ပါတယ်။ တိတိကျကျပြောရရင် Realme ရဲ့ဘက်ထရီပမာဏကတော့ 5,860mAh ပဲရှိပါတယ်။

Realme ရဲ့ 5,860mAh ဘက်ထရီဟာ Narzo 10 ဖုန်းတွေမှာ ပါဝင်လာနိုင်ပါတယ်။ Narzo 10 ဖုန်းဟာ Realme 6i ကို အမှတ်တံဆိပ် ပြန်လည် ဆန်းသစ်ထားတဲ့ဖုန်း ဖြစ်နိုင်ပါတယ်။ Narzo 10A ဖုန်းမှာတော့ Realme C3 လိုမျိုး ကင်မရာ ၃ လုံးအထိ ပါဝင်လာနိုင်ပါတယ်။

Realme X3 ဖုန်းကို မိတ်ဆက်ပါတော့မယ်။ Realme X3 မှာတော့ 60x zoom ကင်မရာပါဝင်မယ်လို့ သိရပါတယ်။ ကောလာဟလအရ X3 SupereZoom မှာ ဘက်ထရီ 4,200mAh နဲ့ 6x periscope ကင်မရာ ပါဝင်လာနိုင်ပါတယ်။ Realme X3 Pro မှာတော့ Snapdragon 865 ပါဝင်လာဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .