RDNA 2 လုပ်ဆောင်ချက်ပါဝင်မယ့် Xbox Series X နဲ့ S ဂိမ်းစက် ထုတ်လုပ်မှု နှောင့်နှေး

Microsoft ဟာ RDNA 2 လုပ်ဆောင်ချက်တွေ ပါဝင်စေလိုတာကြောင့် Xbox Series X နဲ့ S ဂိမ်းစက် ထုတ်လုပ်မှု နှောင့်နှေးမယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို Microsoft အကြီးအကဲ ဖီးလ်စပင်ဆာက The Verge ကိုပြောခဲ့ပါတယ်။

Microsoft ဟာ ဂိမ်းစက်အသစ် ထုတ်လုပ်မှုမှာ Sony PlayStation 5 ထုတ်လုပ်မှုထက် နောက်ကျပါတယ်။ “Xbox Series X/S ဂိမ်းစက်တွေက RDNA 2 လုပ်ဆောင်ချက်တွေ ထောက်ပံ့မှု အပြည့်အဝပါတဲ့ မျိုးဆက်သစ် ဂိမ်းစက်တွေပါ” Microsoft ကထုတ်ပြန်ထားပါတယ်။

RDNA 2 လုပ်ဆောင်ချက်ထဲမှာ hardware နဲ့ထိန်းကျောင်းထားတဲ့ Ray-tracing, Mesh Shaders, Variable Rate Shading နဲ့ Sampler Feedback Streaming လုပ်ဆာင်ချက်တွေ ပါဝင်လာပါတယ်။ AMD ပြောကြားချက်အရ Xbox နဲ့ PS5 ဂိမ်းစက်တွေက RDNA 2 အပေါ် အခြေခံထားတယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««