RCA 10 Viking Pro

တန်ဖိုး – ကန်ဒေါ်လာ ၁၅၄.၉၉

အားသာချက်

မျက်နှာပြင် အရွယ်အစားကြီးမားပြီး Flash drive ကို တိုက်ရိုက်တပ်ဆင် သုံးစွဲနိုင်တာက ဒီ tablet ရဲ့ အားသာချက်တွေပါ။ Keyboard တပ်ဆင်သုံးစွဲနိုင်သလို storage ပိုင်းကလည်း ခရီးသွားရင်း အလုပ်လုပ်တဲ့သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။

အားနည်းချက်

ကိုယ်ထည်ပိုင်းကို ပလတ်စတစ်နဲ့ တည်ဆောက်ထားတဲ့အတွက် ကိုင်ဆောင်ရတာ သိပ်တော့အဆင်မပြေပါဘူး။ ဒါ့အပြင်ကင်မရာပိုင်းကလည်း သိပ်စွဲမက်ဖွယ်ရာမရှိသလို Android version ကိုလည်း အရမ်းအမြင့်ကြီးသုံးထားတာမျိုးတွေ့မြင်ရမှာ မဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

Quad-core processor ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.4GHz ရှိမှာ ဖြစ်ပါတယ်။ RAM ပိုင်းအတွက် DDR3 1GB တပ်ဆင်အသုံးပြုပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32GB ထောက်ပံ့ပေးထားပါတယ်။ ၁၀.၁ လက်မအရွယ်အစား Display ကို အသုံးပြုထားပြီး resolution 1280 x 800 ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System က Android 5.0 ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကင်မရာရော ရှေ့ကင်မရာကိုပါ 2 megapixels ကင်မရာတွေ တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီပိုင်းကတော့ အားအပြည့်သွင်းထားရင် ၆ နာ ရီအထက် အသုံးခံနိုင်မှာ ဖြစ်ပါတယ်။

-သီဟ