Razr 2020 ဓာတ်ပုံတွေ ပထမဆုံးထွက်လာ

Motorola ဟာ နာမည်ကျော် Razr စီးရီးကို Razr 2019 နဲ့စတင် အသက်သွင်းခဲ့ပါတယ်။ အခုဆိုရင်လည်း ၂၀၂၀ မော်ဒယ်ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Razr နေရာ ဆက်ခံမယ့် 5G မော်ဒယ်နဲ့ပတ်သက်တဲ့ သတင်းထွက်လာသလို Evan Blass ကလည်း သရုပ်ဖော်ပုံတွေ ဝေမျှခဲ့ပါတယ်။

၂၀၂၀ မှာ ထွက်ရှိလာမယ့် Razr က ပထမမော်ဒယ်နဲ့ ဆင်ပါတယ်။ ဖုန်းရဲ့ chin ကတော့ သေးသွယ်သွားပါတယ်။ ဖုန်းမှာပါဝင်တဲ့ capacitive fingerprint scanner ကတော့ ပါဝါခလုတ် ဒါမှမဟုတ် မျက်နှာပြင်အောက်ခြေမှာ ပါဝင်လာနိုင်ပါတယ်။

Razr ရဲ့ပြင်ပ display မှာ ကင်မရာ ၂ လုံး ပါဝင်ပါတယ်။

ကောလာဟလအရ 48MP အပြင် 20MP လည်းပါဝင်လာတယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ chipset လည်းပါဝင်ဖွယ်ရှိပါတယ်။Razr 2020 မော်ဒယ်မှာ 18W အားသွင်းစနစ်နဲ့ storage 256GB အပြင် nano-SIM ကတ် ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena